YBS အများပိုင်ယာဉ်လိုင်း စနစ် ၁ လပြည့်သော်လည်း သိသာစွာ ပြောင်းလဲမှူမရှိဘဲ ယခင် မထသ ကဲ့သို့ စည်ကမ်းမဲ့ ပြေးဆွဲနေ

0

Full article


ရန်ကုန်တိုင်းဒေသကြီးတွင် အများပြည်သူသယ်ယူပို့ဆောင်ရေး ခရီးသည်တင် လိုင်းကားများကို YBS အများပိုင်ယာဉ်လိုင်း စနစ် ပြောင်းလဲပြေးဆွဲခဲ့သည်မှာ ၁ လရှိပီဖြစ်သော်လည်း သိသာစွာပြောင်းလဲမှူမရှိဘဲ ယခင် မထသ ကဲ့သို့ စည်းကမ်းမဲ့ပြေးဆွဲနေသးတယ်လို့ နေ့စဉ်လိုင်းကားစီးနင်းနေသူများကပြောကြသည်။

YBS အများပိုင်ယာဉ်လိုင်း စနစ်ကို ပြီးခဲ့သည့် ဇန်ဝါရီလ ၁၆ ရက်နေ့မှစတင်ပြေးဆွဲနေပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေမှတစ်လပြည့်ပြီးသော်လည်း သိသာစွာပြောင်းလဲမှူမရှိသိကြောင်းသိရပါတယ်။

တစ်လ ပြည့်လည်းဘာမှမပြောင်းလဲပါဘူး။အရင် မထသ လိုပဲ စပယ်ယာတွေကလည်း ခရီးသည်တွေအပေါ်ဆက်ဆံတာရိုင်းတယ်။ယာဉ်လိုင်းတေွကလည်း ယာဉ်စည်းကမ်းဖောက်ဖျက်တာတွေရှိနေတုန်းပါပဲ။ ကားတွေကလည်း ပြောင်းလဲတာမရှိသလို အရေးယူတဲ့အပိုင်းတွေမှာလည်းအားနည်းနေတယ်။ တံဆိပ်ပဲပြောင်းလိုက်သလိုဖြစ်နေတာ အများပြည်သူ ခရီးသည်ပို့ဆောင်ရေးက နိုင်ငံတစ်နိုင်ငံရဲ့ ပုံရိပ်ကိုပေါ်လွင်စေတယ်။ဟု လှိုင်သာယာမြို့နယ်မှ နေ့စဉ်လိုင်းကားစီးနေသူကိုဇော်ဇော်အောင်က ပြောပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ YBS အများပိုင်ယာဉ်လိုင်းများမှာ စည်းကမ်းပိုင်းလိုက်နာမှူအားနည်းနေလျက်ရှိပြီး မှတ်တိုင်များတွင် ရပ်တန့်မှူမရှိဘဲ လမ်းပေါ်တွင်ပိတ်၍ အတင်အချပြုလုပ်နေကြောင် းသိရပါတယ်။

ယခင်အစိုးရလက်ထက်က ပြုလုပ်ခဲ့သည့် ခရီးသည်တင်အများပိုင်ယာဥ်လိုင်းစနစ်ကို ပြောင်းလဲရန် ရန်ကုန်တိုင်း အစိုးရသစ်အနေဖြင့် ဦးစားပေးလုပ်ဆောင်နေကြောင်းသိရပါတယ်။

ခေတ်သ်စ

Photo Credit

Author