Full article

ပြည်ပမှ တင်သွင်းလာသော ကားများကို ဆိပ်ကမ်းမှ ထုတ်ယူရာ၌ ယာဉ်ပိုင်ရှင်များ စိတ်ကျေနပ်မှုရှိစေရန် တာဝန်ရှိသူများက ဆောင်ရွက်ပေးနေကြောင်း ကားတင်သွင်းသူ တစ်ဦးထံမှ သိရှိရသည်။

export1

ဆိပ်ကမ်းများ၌ ပစ္စည်းအပျောက်အရှများ ဖြစ်ပေါ်နေသဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆိပ်ကမ်းများကို လိုက်လံစစ်ဆေးခဲ့ပြီး ကားထုတ်ယူသည့် ပုံစံအချို့ကိုလည်း ပြောင်းလဲခဲ့သည်။ MITT ဆိပ်ကမ်းမှာ ကားထုတ်ယူမှုပုံစံ ပြောင်းလဲသွားခဲ့ပါတယ်၊ ကားထုတ်ယူမယ်ဆိုရင် ဆိပ်ကမ်းက တာဝန်ရှိသူတစ်ယောက်က ထုတ်ယူမယ့်ကားဆီကို လိုက်ပို့ပေးပြီး စိတ်ကျေနပ်မှုရှိမှ ကားကို ထုတ်ပေးပါတယ်၊ ပစ္စည်း အပျောက်အရှ ရှိခဲ့ရင်လည်း ပြေလည်တဲ့အထိ ရှင်းပေးမယ်လို့ ပြောပါတယ်၊ ဒီလိုဆောင်ရွက် ပေးတဲ့အတွက် အရင်ကလို ပစ္စည်းအပျောက်အရှရှိမှာ မစိုးရိမ်ရတော့ပါဘူး"ဟု မော်တော်ယာဉ်တင်သွင်းသူ ကိုကျော်သီဟက ဆိုခဲ့သည်။ ထိုသို့ ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် ကားအတွင်း အပြင်ပါရှိသည့် ဂျိုက်၊ အပိုဘီး၊ ဂီယာဘုလုံး၊ သော့၊ အချက်ပြမီး၊ နှင်းခွဲမီး၊ လက်ကိုင်ခွေစသည်တို့ အပါအဝင် Accessories ပစ္စည်းစုံ၊ မစုံကို သေချာစစ်ဆေးပြီး ယာဉ်ပိုင်ရှင် စိတ်ကြိုက်ဖြစ်မှ ထုတ်ယူပေးနေကြောင်း ကားတင်သွင်းသူများ မှတစ်ဆင့် သိရှိရသည်။

Ref: Auto Mobile

Author