လိုင်စင်သက်တမ်းကုန်ဆုံးသော ပါမစ်များ ID ဖွင့်နိုင်ရန် အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဒဏ်ကြေးသတ်မှတ်ကာ ခွင့်ပြုပေးသွားမည်

0

Full article

လိုင်စင်သက်တမ်းကုန်ဆုံးသော်လည်း ID ဖွင့်ခွင့်ပေးရန် အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဒဏ်ကြေးသတ်မှတ်၍ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနရုံးမှ သိရပါသည်။

ပြည်ပမှ မော်တော်ယာဉ် တင်သွင်းရာတွင် လိုင်စင် သက်တမ်းကုန်ဆုံးသော်လည်း ID ပေးမဖွင့်ခြင်းမှာ ကြိုတင်ကြေငြာခြင်းမရှိဘဲ mass system ကို ရုတ်တရက်ပြောင်းလဲလိုက်သောကြောင့် ဆိပ်ကမ်းတွင် ကားရာက်ရှိနေသူများ နစ်နာနေလျှက်ရှိကြောင်းနှင့် ဆိပ်ကမ်းတွင် ကားထားခအတွက် သတ်မှတ်ဒဏ်ကြေးများပေးဆောင်နေရပြီး bill of lading မရရှိ သေးသည့်ကားများအပေါ် ယခုလိုကြိုတင်မကြေငြာဘဲ လုပ်ဆောင်မည်ဆိုလျှင် ကားတင်သွင်းသူများအတွက်နစ်နာမှု များရှိလာနိုင်ကြောင်း သိရသည်။

"လိုင်စင်သက်တမ်း ကုန်ဆုံးပြီး ID ဖွင့်ခွင့်မရတဲ့ကားတွေအတွက် အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီ ဒဏ်ကြေး သတ်မှတ်ဖို့ ဆွေးနွေးထားတယ်။ အတည်ပြုချက်ရဖို့ တောင်းခံထားပါတယ်။ ဒဏ်ကြေးသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်သွားဖို့လုပ်နေပါတယ်။"ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လိုင်စင်သက်တမ်း ၃ လသာရရှိထားသော ပါမစ်များ သက်တမ်းတိုးခွင့်မရသောကြောင့် ဒဏ်ကြေးသတ်မှတ်ချက်တစ်ခုဖြင့် ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ရာ လိုင်စင်သက်တမ်း ၆ လအထိရသော ပါမစ်များ သက်တမ်းတိုး အမြန်ဆုံး ပြုလုပ်ရမည် ဖြစ်ကြောင်း သိရသည်။
Regulation

Author