လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း သို့ပြည်ပမှ တင်သွင်းလာသော တစ်ပတ်ရစ်ကားများ ဝင်ရောက် လျက်ရှိရာ ထိုကားများတွင် ပါရှိသည့် တာယာများ၏ Expire Date ကို စစ်ဆေးပြီးမှသာ အသုံးပြုသင့်ကြောင်း သိရသည်။ ထို့အတူ လက်ရှိ မြန်မာနိုင်ငံအတွင်း အသုံးပြုလျက်ရှိသည့် ကားများ၏ တာယာများမှာလည်း Expire Date ပါရှိပြီး တာယာသက်တမ်း အတွင်းသာ အသုံးပြုသင့်သလို မော်တော်ကား တာယာတစ်လုံး၏ သက်တမ်းမှာ အများဆုံး နှစ်(၂ဝ) အတွင်းသာ အသုံးပြုသင့်ကြောင်း သိရသည်။
တာယာတစ်လုံးရဲ့ သက်တမ်းက လွန်ရော၊ကျွံရော ၂ နှစ်ပဲ သုံးသင့်တယ်၊ ကားတာယာတွေ မှာလည်း အစားအသောက်၊ အသုံးအဆောင် ပစ္စည်းတွေလို Expire Date ဆိုတာ ပါရှိတယ်၊ အဓိက ကတော့ ပြည်ပက တင်သွင်းလာတဲ့ ကားတွေမှာပါတဲ့ တာယာတွေပဲ၊ မြန်မာနိုင်ငံကို ရောက်လာချိန်မှာ တာယာတွေရဲ့ ပန်းတွေက ကောင်းသေးတယ် ဆိုပြီး မြန်မာလူမျိုးပီပီ နှမြောပြီး သုံးကြတယ်၊ နှမြောပြီးသုံးတာက ကုန်ကျစရိတ် သက်သာသွားတာပဲရှိတယ်၊ အန္တရာယ် အများကြီးရှိတယ်၊ ကားတစ်စီးက အင်ဂျင်သံမှန်နေရုံနဲ့ မပြီးဘူး၊ တာယာတွေရဲ့ အစိတ်အပိုင်းက ပိုပြီး အဓိကကြတယ်၊ ဟိုင်းဝေးသွားပြီး တာယာမကောင်းလို့ လမ်းချော်တာ၊ ဘီးပေါက်တာတွေ မဖြစ်ရအောင် တာယာရဲ့ ဘေးမှာပါတဲ့ ညွှန်းဆိုချက်တွေ၊ Expire Date တွေကို ဂရုစိုက် သင့်ပါတယ်"ဟု Myanmar Motor Corporated မှ Chief Engineer ဦးဆန်းဦးက ပြောသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်တွင်း၌ အသုံးပြုနေသော ကားတာယာများကို အရည်အသွေး ပြည့်မီစေရန်အတွက် လိုင်စင်လျှောက်ထားကာ တင်သွင်းစေခဲ့ပြီး စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တာယာတင်သွင်း ရောင်းချသူများ ထံမှသိရသည်။
Ref: Automobile