မော်တော်ယာဉ်မူဝါဒများချမှတ်ရာတွင် ကျွမ်းကျင်သူများပါဝင်ရန်လိုအပ်ကြောင်း AAM မှ‌‌ပြောကြား

0

Full article

မော်တော်ယာဉ်မူဝါဒများချမှတ်ရာတွင် ကျွမ်းကျင်သူများပါဝင်ရန်လိုအပ်ကြောင်း နှင့် အဆိုပါကျွမ်းကျင်သူများမှာ စက်မှုဝန်ကြီးဌာနနှင့် ကညန တွင်ရှိနေကြောင်းနှင့် မော်တော်ယာဉ်မူဝါဒဆိုင်ရာကြီးကြပ်ရေးကော်မတီအမြန်ဖွဲ့စည်းရန် အစိုးရသို့တောင်းဆိုကြောင်း မြန်မာနိုင်ငံ Automotive Association of Myanmar (AAM) ၏ Chairman ဦးအောင်ဝင်းမှ ပြောကြားခဲ့သည်။

“မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒ (Automobile Policy) မှာပါတဲ့ မော်တော်ယာဉ်မူဝါဒဆိုင်ရာကြီးကြပ်ရေးကော်မတီဖွဲ့စည်းရန်ဆိုတာ ပါ ပါတယ်။ မော်တော်ယာဉ်နဲ့ပတ်သက်ပြီး သိရှိနားလည်ကျွမ်းကျင်တဲ့ပညာရှင်တွေဦးဆောင်ပါဝင်ဖွဲ့စည်းပြီးတော့ တိုင်းပြည်မှာလိုအပ်နေတဲ့ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ တင်သွင်းတာရော၊ ထုတ်လုပ်တာရော၊ ပြုပြင်ထိန်းသိမ်းတာတွေအတွက် စတဲ့မူဝါဒတွေချမှတ်ဖို့အတွက်နဲ့ မော်တော်ယာဉ်ကဏ္ဍကိုဦးဆောင်ဖို့အတွက် ဒီကော်မတီကိုဖွဲ့စည်းဖို့ အစိုးရကိုတိုက်တွန်းပါတယ်။ လက်ရှိမှာ မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီ (ကြီး/ကော်) ဆိုတာရှိပါတယ်။ ဒါက စီးပွားကူးသန်းက ဦးဆောင်ပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ စီးပွားကူးသန်းမှာ မော်တော်ယာဉ်နဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူမရှိပါဘူး။ ကျွမ်းကျင်သူတွေဟာ စက်မှုဝန်ကြီးဌာနနဲ့ ကညန မှာရှိပါတယ်။ မော်တော်ယာဉ်နဲ့ပတ်သက်တဲ့မူဝါဒတွေချမှတ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေပါဝင်ဖို့လိုအပ်ပြီး မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာမူဝါဒမှာပါဝင်တဲ့ မော်တော်ယာဉ်မူဝါဒဆိုင်ရာကြီးကြပ်ရေးကော်မတီကို အမြန်ဖွဲ့ဖို့တောင်းဆိုချင်ပါတယ်။”

ဟု Automotive Association of Myanmar (AAM) ၏ Chairman ဦးအောင်ဝင်း က ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သော Press Conference: Vehicle Importing System Granted to Government Employees တွင်ပြောကြားခဲ့သည်။


နိုင်ငံ့ဝန်ထမ်းနှင့် ပြည်သူ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်ရောင်းချပေးရေးကိစ္စနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲ Press Conference: Vehicle Importing System Granted to Government Employees ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ Novotel Yangon Max Hotel တွင် Automotive Association of Myanmar (AAM) နှင့် EuroCham Myanmar တို့မှဦးဆောင်ကျင်းပခဲ့ပြီး အခမ်းအနားသို့ AAM ၏ Chairman ဦးအောင်ဝင်း၊ EuroCham Myanmar Automotive Advocacy Group ၏ Co- Chairman Michael Rudenmark ၊ Delegation of German Industry and Commerce in Myanmar ၏ Delegate Mr. Martin Klose၊ European Chamber of Commerce in Myanmar ၏ Executive Director Mr. Marc De La Fouchardiere ၊ British Chamber of Commerce Myanmar ၏ Chairman Peter Beynon တို့မှ ဝန်ထမ်းများအတွက်မော်တော်ယာဉ်ရောင်းချပေးမည့်ကိစ္စရပ်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

Author