Full article

Evergreen Autos မှ အင်ဂျင်ပါဝါ 1300 CC ၊ 1500 CC ၊ 1800 CC အစရှိသော ကားများကို ဝယ်ယူသူ Customer များအတွက် ဘဏ်တိုးနှုန်း ချိုသာစွာဖြင့် ရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Probox1

Evergreen Autos အနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကားများကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး လစဉ်ကြေး ပေးသွင်းရာ၌ အဆင်ပြေစေရန် အတွက် ၁၂ လမှ ၂၄ လအထိ သတ်မှတ်ထားကြောင်း သိရသည်။ ကားတစ်စီး ဝယ်ယူမည်ဆိုပါက ဦးစွာပထမ ကားတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း ကို ပေးသွင်းရန်လိုအပ်ပြီး ကျန်ငွေကို လစဉ်ပေးသွင်းရမည် ဖြစ်သည်။ ကားများကို ဘဏ်တိုးနှုန်း ချိုသာစွာ ရောင်းချခြင်းနှင့် ပတ်သက်၍ Evergreen Autos မှ မန်နေဂျင်းဒါရိုက်တာ ဦးတင်မောင်လှိုင်က "Customer တွေအတွက် ကားဝယ်ယူတဲ့နေရာမှာ အဆင်ပြေစေဖို့ အရစ်ကျစနစ်နဲ့ ရောင်းချပေးခဲ့သလို ဘဏ်တိုးနှုန်းကိုလည်း သက်သာအောင် လုပ်ပေးထားပါတယ်၊ အရစ်ကျစနစ်ကိုလည်း တစ်နှစ်၊ ၂ နှစ်ဆိုပြီး သတ်မှတ်ထားပါတယ်၊ Customer တစ်ယောက်ကို ကားသုံးစီးအထိ ဝယ်ယူနိုင် ပါတယ် ၊Evergreen Autos အနေနဲ့ Customer တွေအတွက် ဈေးလည်း မနစ်နာရအောင်၊ တခြားအခက်အခဲတွေလည်း မရှိအောင် အကောင်းဆုံး ဝန်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။ Evergreen Autos အနေဖြင့် ကားများကို အရစ်ကျရောင်းချပေးရာတွင် ဝယ်ယူလိုသည့် Customer များမှ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ဝယ်ယူမည့်သူ၏ လိုင်စင်ဓာတ်ပုံ တစ်ပုံနှင့် ရဲစခန်းထောက်ခံစာမူရင်း တို့လိုအပ်မည် ဖြစ်သည်။ ထို့ပြင် ဘဏ်ဖြင့် ချိတ်ဆက် ရောင်းချပေးရသည့် အတွက် Customer များမှအလုံးစုံ အာမခံချက် ထားရှိပေးရန် လိုအပ်ပြီး ကျသင့်ငွေကို ဝယ်ယူသူ Customer က ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author