Myanmar-EU Economic Forum တွင် EuroCham Automotive Advocacy Group မှ မော်တော်ယာဉ်လုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲ ထည့်သွင်းကျင်းပ

0

Full article

EuroCham Automotive Advocacy Group သည် ဇွန်လ ၅ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော Myanmar-EU Economic Forum ၌မော်တော်ယာဉ်လုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲ ထည့်သွင်း ကျင်းပခဲ့သည်။ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ဘယ်လ်ဂျီယမ်သံရုံး ဖလန်မစ်နယ်ဆိုင်ရာ စီးပွားရေးနှင့် ကုန်သွယ်မှု ကိုယ်စားလှယ် ဒေါ်အိမ့်ဖူးဖူးအောင် မှ ဦးဆောင်ဆွေးနွေးသူ အဖြစ်ပါဝင်ခဲ့ပြီး၊ Cycle & Carriage မှ Mr. Adrian Short ၊ Suu Foundation မှဒေါ်မြသဥ္ဇာခိုင်နှင့်Automotive Association Myanmar မှ ဦးအောင်ဝင်း တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)မှအင်ဂျင်နီယာချုပ်ဦးသိန်းဟန်ဦးလည်း တက်ရောက်ခဲ့သည်။

မော်တော်ယာဉ်လုပ်ငန်း စကားဝိုင်းဆွေးနွေးပွဲတွင် အနာဂတ်ကာလတွင်း ပိုမိုဘေးကင်းသည့် မော်တော်ယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များကို လူတိုင်းမောင်းနှင်နိုင်ရေးနှင့် ယာဉ်မှတ်ပုံတင်ရေးလုပ်ငန်းစဉ် ပိုမိုအဆင်ပြေချောမွေ့စေရေးအတွက် အသေးစိတ် အကြံပြုချက်များကို အဓိကထားဆွေးနွေးခဲ့သည်။ ဆိုက်ရောက်ဆိပ်ကမ်းများတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ပူးပေါင်း၍ one-stop service center များ ထားရှိဆောင်ရွက်ပါက ကညနရုံးသို့ ပထမအကြိမ်အဖြစ် လာရောက်မှတ်ပုံတင်မည့် ယာဉ်အရေအတွက်ကို သိသာစွာ လျှော့ချနိုင်မည်ဖြစ်သည်။ ပြန်လည်မှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် စစ်ဆေးခြင်းများနှင့် စပ်လျဉ်း၍ ကညနရုံးများ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးဒေသများရှိ ရုံးများအနေဖြင့် ကညနရုံးသို့ နေ့စဉ် လာရောက် စစ်ဆေးခံသည့် မော်တော်ယာဉ်များကို သင့်လျှော်သည့် စစ်ဆေးမှု လုပ်ဆောင်နိုင်သည့် စွမ်းရည် လုံလောက်စွာ မရှိပေ။ ရန်ကုန်နှင့် မန္တလေးရှိ ကညနရုံးများသည် စက်ပိုင်းအားဖြင့် စစ်ဆေးမှု မပါဝင်ဘဲ အဓိကအားဖြင့် အပြင်ပိုင်းကိုသာလျှင် မျက်မြင်အားဖြင့် စစ်ဆေးမှုသာ ပြုလုပ်ပေးလျက်ရှိသည်။ ထေို့ကြာင့်ဖြစ်နိုင်ခြေရှိသော နည်းလမ်းအဖြစ် တတိယအဖွဲ့အစည်းတစ်ခုကို စစ်ဆေးမှု လုပ်ဆောင်ရေး တာဝန်ပေးသင့်ကြောင်းကို ထောက်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Author

Comments