Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ တစ်သိန်း ကျော်ကို အင်္ဂလိပ် ဖောင်းကြွ နံပါတ်ပြားများ ထုတ်ပေးပြီးဖြစ် ကြောင်း 'ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှု ဦးစီးဌာန၊ မြင်သာ ကညနရုံး'မှ သိရသည်။ No-A-PU1

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖောင်းကြွ နံပါတ်ပြား တပ်ဆင်နိုင်သည့် မော်တော်ယာဉ်အစီးရေမှာ ၃၅၁,၉၈၅ စီးရှိပြီး ဖေဖော်ဝါရီ ၂၁ ရက်အထိ အင်္ဂလိပ် ဖောင်းကြွနံပါတ်ပြား ထုတ်ပေးပြီးဖြစ်သည့် ယာဉ်အစီးရေမှာ ၁၁၁,၁၄၄ စီး ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်ဖောင်းကြွ နံပါတ်ပြားများ ထုတ်ပေးရာတွင် ယာဉ် ယန္တရား၊ ထော်လာဂျီနှင့် ဆိုင်ကယ်များ ပါဝင်ခြင်းမရှိဘဲ လူစီးနှင့် အခြား မော်တော်ယာဉ်များကိုသာ အင်္ဂလိပ် ဖောင်းကြွနံပါတ် ပြားများ တပ်ဆင်ပေးခြင်း ဖြစ်ကြောင်း သိ ရသည်။ ဖောင်းကြွ နံပါတ်ပြားများ ထုတ်ပေးခြင်း၊ မှာယူခြင်းများနှင့် ပတ်သက်၍ မြင်သာ ကညနရုံးမှ တာဝန်ရှိသူတစ်ဦးက "အင်္ဂလိပ် ဖောင်းကြွ နံပါတ်ပြားတွေကို စတင် တပ်ဆင် ပေးချိန်ကစပြီး နံပါတ်ပြား မှာယူမှုက ခုနစ်သောင်း ကျော်သွားပြီ၊ ရန်ကုန်အနောက် ပိုင်းခရိုင်၊ မြင်သာ ကညနရုံးမှာတော့ ဖေဖော်ဝါရီ ၂၄ ရက်အထိ မော်တော် ယာဉ် အစီးရေ ၂၈,၂၇ဝ စီးကို နံပါတ်ပြားထုတ်ပေးပြီး ဖြစ်ပါတယ်၊ လက်ရှိအချိန်အထိ နံပါတ်ပြားမှာယူတဲ့ အစီးရေကတော့ ၃၃,၁၃၇ စီး ရှိပါတယ်"ဟု ပြော ကြားခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အစီးရေ သုံးသိန်းခွဲကျော်ရှိရာ ရွာသားကြီး၊ ကညနရုံးမှ မှတ်ပုံတင် ထုတ်ပေးသည့် အစီးရေ ငါးသောင်း ကျော်၊ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ကညနရုံးတွင် တစ်သိန်းကျော်၊ ရန်ကုန်တိုင်း၊ အရှေ့ပိုင်းခရိုင် ကညနရုံးတွင် ခုနစ်သောင်းကျော်၊ရန်ကုန်တိုင်း၊ မြောက် ပိုင်းခရိုင် ကညနရုံးတွင် အစီးရေ ခုနစ်သောင်းကျော်၊ ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် ကညနရုံးတွင် အစီးရေ နှစ်သောင်းကျော်ရှိကြောင်း အထက်ပါ ဌာနမှ သိရသည်။

Ref : Automobile

Author