ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ် အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအောက်ကားများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပေးရန် တင်ပြသွားမည်

0

Full article

ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစားထိုးတင်သွင်းသည့် အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအောက်ကားများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပေးရန် ပြည်တွင်းအခွန်များဦးစီးဌာနသို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းက တင်ပြသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ် တန်ဖိုးကြီးမော်ဒယ်မြင့် Luxury ကားများကို ဧပြီလ ၁ ရက်မှစ၍ ကြိုတင်ဝင်ငွေခွန်ကောက်ခံသွားမည်ဟု အသိပေးကြေညာထားရှိသည်။

ထိုသို့ တန်ဖိုးကြီးမော်ဒယ်မြင့် Luxury ကားများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံရာတွင် CIF AV Value အပေါ် သို့မဟုတ် အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအထက်ကားများကိုသာ ဝင်ငွေခွန်ကောက်ခံသင့်ပြီး အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအောက်ကားများကို ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသင့်ကြောင်း တင်ပြသွားမည်ဖြစ်သည်။

ယာဉ်အိုယာဉ်ယောင်းစလစ်ကပ်ကားတွေကို ကြိုတင်ဝင်ငွေခွန်ကောက်မယ်ဆိုရင် အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအထက်ကားတွေကိုပဲ ကောက်သင့်တာပါ။စလစ်ကားတွေက ကားဝယ်ယူထားတဲ့က အခွန်တွေလည်းပေးထားပြီးသားပါ။အကုန်လုံးကောက်မယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။အသင်းအနေနဲ့ အင်ဂျင်ပါဝါ ၅ဝဝဝ စီစီအောက်ကားတွေကို အခွန်ကင်းလွတ်ပေးဖို့ တင်ပြသွားမှာပါဟု မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိူ းဇင်ဝင်းကပြောသည်။
ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်အစားထိုးတင်သွင်းသည့် ကားများကို ကြိုတင်ဝင်ငွေခွန်ကောက်ခံပါက ကားဈေးနှူန်းများမြင့်တက်လာနိုင်ပြီး မတ်လမတိုင်ခင် ယာဉ်နံပတ်ကြိုတင်ယူထားရန်လိုအပ်ကြောင်းသိရပါတယ်။ခေတ်သစ်

Author