ပြည်တွင်းထုတ်ကားများ Emission Standard (Euro-3) အဆင့် ထုတ်လုပ်ရန် သတ်မှတ်မည်

0

Full article

ပြည်တွင်းတွင် SKD, CKD စနစ်ဖြင့် ထုတ်လုပ်နေသောကားများကို Emission Standard (Euro-3) အဆင့် ထုတ်လုပ်ရန် သတ်မှတ်သွားမည် ဖြစ်ကြောင်းစက်မှုဝန်ကြီးဌာနက သိရသည်။

ပြည်တွင်းထုတ်ကားများကိုသာ Emission Standard (Euro-3) အဆင့် ထုတ်လုပ်ရန် ဆွေးနွေးထားရှိရာ ပြည်တွင်းတွင်အသုံးပြုနေသော ကားများနှင့် ပြည်ပကတင်သွင်းလာသောကားများအတွက်ကိုတော့ Euro standard သတ်မှတ်ရန် မလုပ်ဆောင်ရသေးကြောင်း သိရသည်။

"ပြည်တွင်းမှာ ထုတ်တဲ့ကားတွေကို Euro 3 အထိ သတ်မှတ်ဖို့ ရှိတယ်။ ပြည်ပကတင်သွင်းနေတဲ့ ကားတွေကတော့ Emissions standard သတ်မှတ်ဖို့က မလွယ်သေးဘူးလေ။ ပြည်တွင်းကားထုတ်တာကို နောက်ပိုင်းမှာ စနစ်တကျနဲ့ ထုတ်လုပ်ဖို့ သတ်မှတ်မှာပါ။"လို့ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် SKD စနစ်ဖြင့် ထုတ်လုပ်နေသော ကားအမျိူးအစား ၉ မျိူးရှိရာ SKD- 2 စနစ်သတ်မှတ်ချက်ကုန်ကြမ်းပစ္စည်းများမှာ (က) Engine Assembly, Transmission and Clutch System၊ (ခ) Welded /Painted Body with including Chassis Group (Combination Meters, Interior Trimming Parts , Lamps, Wind Shield and Wire harness များမတပ်ဆင်ရပါ။)၊ (ဂ) Front Axles /Front Independent Suspension /Rear Axles ၊(ဃ)Suspension Component ၊(င)Steering Wheel and Related Parts ၊(စ)Exhaust System ၊(ဆ)Wheels and Tires ၊(ဇ)Seat Assembly ၊(ဈ)Trimming Parts , Dashboard , Instrument Panel , Windshields, Wire harness and other Accessories၊ (ည) Door Group ( Front and Rear )Without Accessories တို့သတ်မှတ်ထားရှိကြောင်း သိရသည်။

Author