အရေးပေါ်မီးပျက်မှုဖြစ်လာပါက ယာဉ်မတော်တဆမှု မဖြစ်စေရန် အချက်ပြမီးပွို်င့်များတွင် အရေးပေါ်အရံမီးစက်များထားရှိ

0

Full article

ရန်ကုန်တိုင်းဒေသကြီး၏ မြို့နယ်အနှံ့အပြားတွင် လျှပ်စစ်မီးများ မကြာခဏဆိုသလို ပြတ်တောက်မှုရှိနေရာ ယာဉ်အချက်ပြမီးပွိုင့်များတွင် အရေးပေါ်မီးပျက်မှုဖြစ်ပေါ်လာပါက ယာဉ်မတော်တဆမှုများမဖြစ်စေရန် အချက်ပြမီးပွို်င့်များတွင် အရေးပေါ်အရံမီးစက်များ ထားရှိပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ရန်ကုန်မြို့ရှိ ယာဉ်အချက်ပြမီးပွိုင့် ၁၅၁ ပွိုင့်ကို control centre နှင့် ယာဉ်သွားလာမှု ထိန်းချုပ်နိုင်ရန် စမ်းသပ်နေရာတွင် အရံမီးစက်များနှိုး၍ အချက်ပြစနစ်ကိုအသုံးပြုနေပြီး မီးပြတ်တောက်မှုအချိန်ကြာမြင့်ပါက အရံမီးစက်များမှာလည်း ရေရှည်အလုပ်လုပ်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။

"အချက်ပြမီးပွိုင့်တွေမှာ အရေးပေါ်မီးပျက်တာတို့၊ သဘာဝဘေးအန္တရာယ်ဖြစ်လာတာတို့ဆို အရေးပေါ်အသုံးပြုလို့ရတဲ့ အရံမီးစက်တွေကို အရေးကြီးတဲ့ မီးပွိုင့်တွေမှာ ထားရှိပေးထားပါတယ်။ ဒါပေမယ့် မီးပျက်တာ အချိန်ကြာလာရင်တော့ မခံနိုင်ပါဘူး။ လက်ရှိမှာက မီးပွိုင့်တွေစမ်းသပ်နေတဲ့အချိန်မှာ မီးပျက်တာများနေတော့ အဓိကကျတဲ့နေရာတွေမှာပဲ အရံမီးစက်တွေ အဆင်သင့်လုပ်ပြီး လည်ပတ်နေပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးအမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Author

Comments