မော်တော်ယာဉ်များတွင် တပ်ဆင်သော ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံးခြင်းကို သတင်းစာကြေငြာထည့်သွင်းရန် မလိုတော့

0

Full article


မော်တော်ယာဉ်များတွင် တပ်ဆင်သော ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံးခြင်းကို သတင်းစာကြေငြာထည့်သွင်းရန် မလိုတော့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးမှူဦးစီးဌာနတာဝန်ရှိသူ တစ်ဦးထံမှသိရပါတယ်။ယာဉ်တွင်တပ်ဆင်သော ဖောင်းကြွအက္ခရာ နံပါတ်ပြားပျောက်ဆုံးခြင်းကို ယခင်က သတင်းစာကြေငြာထည့်သွင်း၍ ဖောင်းကြွနံပါတ်ပျက်ပြယ်ကြောင်း ပြုလုပ်ရပြီး ငွေပေးသွင်းပီးကြောင်းချလံထုတ်ယူ၍ ယာဉ်စစ်ဆေးရသည်ဖြစ်ပါတယ်။

ယခုနောက်ပိုင်း မြန်မာအက္ခရာ ဖောင်းကြွနံပတ်ပြားသော်လည်းကောင်း အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပတ်ပြား သော်လည်းကောင်း ယာဉ်စစ်ဆေးပီးသည်နှင့်ပျောက်ဆုံးသွားလျှင် ကမ ၃ နှင့်တူညီနေပါက ငွေသွင်းချလံဖြတ်ထုတ်ပေးသွားမှာဖြစ်ရာ သတင်းစာကြေငြာ ထည်းသွင်းရန်မလိုအပ်တော့ကြောင်းသိရပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှူဦးစီးဌာန၏ လုပ်ငန်းစဉ်အရပ်ရပ်ကို ပိုင်ရှင်ကိုယ်တိုင်ဆောင်ရွက်ရန်လိုအပ်ရာ ပွဲစားများထံသို့ တစ်ဆင့်လုပ်ငန်းဆောင်ရွက်စေခြင်းမပြုရန် အသိပေးထားရှိသည်။

ခေတ်သစ်

Photo Credit

Author