ကမ်းနားလမ်း လျှပ်စစ်ရထားပြေးဆွဲမှု စီးနင်းသူနည်းပါးခြင်းကြောင့် ရပ်ဆိုင်း ထားမည်

0

Full article

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် လျှပ်စစ်ရထားပြေးဆွဲမှုကို စီးနင်းသူဦးရေ နည်းပါးနေခြင်းကြောင့် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန် ယာဉ်ကြောကြပ်တည်းမှု ပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လျှပ်စစ်ရထားကို ၁၄၃.၁၃ သန်းအကုန်အကျခံတည်ဆောက်ပြီး ခရီးသည်စီးနင်းသူဦးရေ နည်းပါးသဖြင့် ဇူလိုင်လမှ စတင်ကာ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

အဆိုပါ ကမ်းနားလမ်းလျှပ်စစ်ရထားကို ထော်လီကွေ့မှ လင်းစဒေါင်းထိပြေးဆွဲနေလျှက်ရှိပြီး စီးနင်းခကို ကျပ် ၁ဝဝ သာ သတ်မှတ်ထားသည်။ လျှပ်စစ်ရထားပြေးဆွဲနိုင်ရန် လျှပ်စစ်ဝန်ကြီး ဌာနခွင့်ပြုချက်ဖြင့် တစ်ရက်လျှင် DC 600 ဗို့အား အသုံးပြုကြောင်း သိရသည်။

ခေတ်သစ်

Author