ပြင်ပမှ တင်သွင်းလာ လျှစ်စစ်ကားများကို အခွန် ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်

0

Full article

Photo Credit

အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပမှ တင်သွင်းလာသည့် ကားများအနက် လျှပ်စစ်ကားများကို ယခင် ၁ ရာခိုင်နှုန်းအခွန်ကောက်ခံရာမှ ယခုအခါ ၂ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း အကောက်ခွန်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့အတူ ပြည်ပမှတင်သွင်းလာသည့် လုပ်ငန်းသုံးယာဉ်များနှင့် တက္ကစီများကိုလည်း ယခင် ၃ ရာခိုင်နှုန်းကောက်ခံနေရာမှ ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

ထိုကဲ့သို့ လျှပ်စစ်ကားများကို ၁ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ အကောက်ခွန်နှုန်းထားများ ပြောင်း လဲကောက်ခံသည့်အတွက် ယခင်အခွန် ပေးဆောင်ရသည်ထက် သိန်း ၂ဝ ခန့် အခွန်ကျသင့်မှာ ဖြစ်ပြီး လုပ်ငန်းသုံး Hijet ကားများမှာ ၄သိန်း ခွဲဝန်းကျင်၊ ၆ ဘီး ထရပ်ကားများမှာ ၁၂သိန်းဝန်းကျင်၊ ၁၂ ဘီးထရပ်ကားများမှာ သိန်း ၃ဝ ဝန်းကျင်၊ Brand New ထရပ်ကားများမှာ ၂၅ သိန်းဝန်းကျင် နှင့် CIF တန်ဖိုးများစွာ ပေးဆောင်ရသည့် ယန္တရားကားကြီးများမှာ သိန်း ၆ဝ မှ သိန်း ၈ဝ ဝန်းကျင် အခွန်ပိုမိုပေးဆောင်ရမှုများ ရှိလာနိုင်ကြောင်းသိရသည်။

"အကောက်ခွန်နှုန်းထားက ၃ ရာခိုင်နှုန်း ကနေ ၁ဝ ရာခိုင်နှုန်း တက်သွားမှာဆိုတော့ ၇ ရာခိုင်နှုန်း ပိုပြီးများလာမယ်။ CIF တန်ဖိုး အနည်းအများအလိုက် ဈေးတွေကလည်း သိန်း ၃ဝ ကနေ သိန်း ၇ဝ လောက်အထိ ဖြစ်သွားနိုင်တယ်။ နိုင်ငံတကာမှက လျှပ်စစ်ကားကို အခွန်လျှော့ပေးတယ်။ ဒီနိုင်ငံမှာက အခွန်တိုးကောက်တော့ နားလည်ရခက်နေတယ်။"ဟု ပြည်ပက ကားတင်သွင်းသူ ကိုအောင်မျိူးက ဆိုသည်။

အောက်တိုဘာလ ၁ကစပြီး လုပ်ငန်းသုံးယာဉ်များ ၊လျှပ်စစ်ကားများ၊ အခြားစားသောက်ကုန်ပစ္စည်း များနှင့် လူသုံးကုန် ဇိမ်ခံပစ္စည်းများကိုလည်း အခွန်တိုးမြင့်ကောက်ခံမည်သွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author