Full article

မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၌ လက်ရှိအသုံးပြုနေသည့် ယာဉ်စီးနင်းခ တောင်းခံခြင်းစနစ်တွင် အီလက်ထရွန်းနစ် ကားလက်မှတ်(e-ticket)စနစ် အသုံးပြုနိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။

Electronic-Car-Payment

အဆိုပါ E-ticket စနစ်မှာ i-Pay ကဲ့သို့ ကြိုတင်ငွေပေးကတ် စနစ်တစ်မျိုးဖြစ်ပြီး မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းများ၌ လတ်တလောကြုံတွေ့နေရသည့် အကြွေရှားပါး မှု နှင့် ယာဉ်စီးခ ပိုတောင်းခြင်း ပြဿနာများ လျော့ပါးစေရန် ရည်ရွယ်စီစဉ်ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ အီလက်ထရွန်းနစ် လက်မှတ်စနစ် ကျင့်သုံးနိုင်ရန် သက်ဆိုင် ရာဌာန များနှင့် ရင်းနှီးမြှုပ်နှံသူများ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း သိရသည်။ "ဒီစနစ်ကို ကျင့်သုံးခြင်းအားဖြင့် စပယ်ယာနဲ့ ခရီးသည် စကားများတာ လျော့နိုင်မယ်၊ ညဘက် ယာဉ်စီးခ ပိုတောင်းတာတွေလည်း မဖြစ်နိုင်တော့ဘူး၊ နောက်ဆုံးကျွန်တော်တို့ဆီ တိုင်စာတွေရောက်တာလည်း နည်းသွားပြီး ဖြေရှင်းရတဲ့ ရာခိုင်နှုန်းလည်း နည်းသွားမယ် ထင်ပါတယ်"ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။ န-အငခုနအ စနစ် စတင်ကျင့်သုံးပါက ယာဉ်လိုင်း အသီးသီးတွင် လက်မှတ်စစ်များ ခန့်အပ်သွားမည် ဖြစ်ပြီး လက်ရှိတွင် အဆိုပါစနစ် ပြောင်းလဲရန် လာရောက်ဆွေးနွေးသည့် ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင် နည်းပါးနေသေးကြောင်း မထသမှ သတင်းရရှိသည်။

Ref: Automobile

Author