လျှပ်စစ်စက်ဘီးနှင့် ဘထ္ထရီဘီးများ စည်ပင်နယ်နိမိတ်တွင် စီးနင်းပါက ဖမ်းဆီးမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း မောင်းနှင်သွားလာနေသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို စီမံချက်နှင့် ဖမ်းဆီးသွားမည်ဖြစ်ရာ ဆိုင်ကယ်အုပ်စုတွင် ပါဝင်နေသော လျှပ်စစ်စက်ဘီးနှင့် ဘထ္ထရီဆိုင်ကယ်ဘီးများသည်လည်း စက်တပ်ယာဉ်အုပ်စုတွင်ပါဝင်နေ၍ စည်ပင်နယ်နိမိတ်အတွင်း စီးနင်းပါက ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို သန်လျှင် ၊ကျောက်တန်း ၊သုံးခွ ၊ခရမ်း၊ တွံတေး၊ကော့မှူး ၊ကွမ်းခြံကုန်း ၊ ဒလ၊ဆိပ်ကြီးခနောင်တို ၊ ကိုးကိုးကျွန်း၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတစ်ပင်မြို့နယ် စုစုပေါင်း ၁၄ မြိုနယ်တွင်သာစီးနင်းခွင့်ပြုထားပြီး ကျန်မြို့နယ်များတွင် လုံးဝစီးနင်းခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက အသိပေးကြေငြာထားရှိပါသည်။

"လိုင်စင်မဲ့ ဆိုင်ကယ် တွေစီးနင်းတာကို ဖမ်းဆီးဖို့ ညွန်ကြားထားပါတယ်။ ဆိုင်ကယ်လို့ သတ်မှတ်ထားတာ ဘီးနှစ်ဘီးတပ်ထားပြီး စက်ကိရိယာတစ်ခုခုကြောင့် ရွှေ့သွားတဲ့အရာကို ဆိုင်ကယ်လို့ သတ်မှတ်ထားတယ်။ လျှပ်စစ်ဘီးတွေကော ဘထ္ထရီဘီးတွေလည်း စည်ပင်နယ်နမိတ်မှာ စီးရင်ဖမ်းဆည်းလို့ ရပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂)ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း ဆိုင်ကယ်များစီးနင်းခွင့်ကို အရေးကြီး ဌာနဆိုင်ရာများဖြစ်သည့် လျှပ်စစ်ဝန်ကြီးဌာန၊စာပို့လုပ်ငန်း၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ အရေးကြီးသွားလာရသည့် ဌာနဆိုင်ရာများသာ သတ်မှတ် ယူနီဖောင်း၊ ဌာနဆိုင်ရာ အမှတ်တံဆိပ်များ တပ်ဆင်၍ ဆိုင်ကယ်ဦးထုတ်ဆောင်းကာ စီးနင်းသွားလာခွင့်သတ်မှတ်ထားကြောင်းသိရသည်။

Law Enforcement

Author