မြန်မာ့မီးရထားလမ်းပိုင်းများတွင် ရထားတစ်စင်းစီ တိုးချဲ့ပြေးဆွဲ

0

Full article

ဇွန်လ ၁၆ ရက်နေ့မှစတင်ပြီး မြန်မာ့မီးရထားလမ်းပိုင်းများတွင် ရထားတစ်စင်းစီ တိုးချဲ့ပြေးဆွဲခဲ့ပြီး ခရီးသည်များကို social distancing ဖြင့်လက်မှတ်ရောင်းချပေးသွားမည်ဖြစ်ပြီး ထိုင်ခုံမဲ့များကို ရောင်းချခွင့်မရှိတော့ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

COVID-19 ကူးစက်ရောဂါကာလအတွင်း ဖြေလျှော့မှုများဆောင်ရွက်နေသည့်အချိန်တွင် မြန်မာ့မီးရထားလမ်းပိုင်းတစ်ပိုင်းစီတွင် ရထားတစ်စင်းစီကို ဇွန်လ (၁၆) ရက်နေ့တွင်စတင် တိုးချဲ့ပြေးဆွဲပေးခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းမျဉ်းများနှင့်အညီ social distancing (ခပ်ခွာခွာစီးစေသည့်ပုံစံ) အတိုင်း နှစ်ယောက်ထိုင်ခုံတွင် လက်မှတ်တစ်စောင်နှုန်းဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ထိုင်ခုံမဲ့များကို ဇွန်လ ၁၆ ရက်နေ့ကတည်းက ရောင်းချခွင့်မရှိတော့ကြောင်းသိရသည်။  ခရီးသည်များကိုလည်း နှာခေါင်းစည်းမတပ်ဆင်ပါက ဘူတာရုံအတွင်းသို့ ဝင်ခွင့်ရမည်မဟုတ်ဘဲ၊ နှာခေါင်းစည်းမရှိပါက ဘူတာရုံရှိဈေးဆိုင်များတွင် ပြင်ပပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ရန် စီစဉ်ပေးထားကြောင်းနှင့် ခရီးသည်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအားလိုက်နာကြရန်နှင့် မလိုအပ်ပဲ ခရီးမသွားကြရန် မြန်မာ့မီးရထားမှ တိုက်တွန်းထားသည်။


တိုးချဲ့ပြေးဆွဲပေးသောလမ်းပိုင်းများမှာ ရန်ကုန်-မန္တလေး လမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်း၊ ရန်ကုန်- ပြည် လမ်းပိုင်းနှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းရှိ ခရီးစဉ်တွင် ရထားအစင်းရေ ၄၀ မှ ၅၂ စင်းသို့ တိုးချဲ့ပြေးဆွဲပေးနေကြောင်းသိရသည်။

Author