Full article

အီလက်ထရွန်းနစ် လက်မှတ်ဖြတ်စနစ် e-ticket အသုံးပြုရန် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများတွင် လစာပေးစနစ် ကျင့်သုံးမည် ဖြစ်ကြောင်း 'ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်'မှ သတင်းရရှိသည်။iPay-Card21

လက်ရှိတွင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း ခြောက်လိုင်း၌ iPay စနစ်ကို ကျင့်သုံးလျက်ရှိပြီး အောင်မြင်မှု မရှိသောကြောင့် အီလက်ထရွန်းနစ် လက်မှတ်ဖြတ် စနစ်ကို ဆက်လက် တိုးမြှင့်အသုံးပြုရန်တွက် ဗန္ဓုလ ယာဉ်လိုင်းများတွင် လစာပေးစနစ်ကို ကျင့်သုံးနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။ "iPay မအောင်မြင် တာက ယာဉ်လိုင်းအားလုံးမှာ မလုပ်နိုင်တာကြောင့်လည်း ပါသလို လစာပေးစနစ် အောင်မြင်အောင် မလုပ်ခဲ့တာကြောင့်လည်း ပါတယ်၊ e-ticket ကတော့ iPay ထက် နည်းပညာမြင့်သလို သုံးစွဲရတာလည်း အဆင်ပြေနိုင်တယ်၊ ယာဉ်လိုင်းတွေမှာ လစာပေးစနစ်နဲ့ သွားဖို့ စီစဉ်မယ်၊ ဒါပေမဲ့ ဒါက ဖြည်းဖြည်းချင်း လုပ်ကိုင်သွားမှာပါ"ဟု 'ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်'မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းများတွင် iPay တပ်ဆင်မှုကို ၂ဝ၁၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အောင်မြင်မှုမရရှိသေးကြောင်း၊ လစာပေးစနစ်မှာ မေတ္တာလှိုင်းယာဉ်လိုင်းများတွင်ကျင့်သုံးခဲ့သော်လည်း အောင်မြင် မှု မရှိသေးသည့်အတွက် လက်ရှိတွင် ယာဉ်လိုင်းအားလုံး၌ ခေါက်ရေစနစ် ဖြင့်သာ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ "ကတ်စနစ်နဲ့ ငွေပေးချေမှုစနစ် အောင်မြင်ဖို့ဆိုရင် ယာဉ်လုပ်သားတွေကို လစာပေးစနစ်နဲ့သွားမှ ပိုအောင်မြင်နိုင်မယ်၊ ဝင်ငွေအမှန်ကို ရရှိဖို့လိုအပ်ပြီး လုံလောက်တဲ့လစာ ပေးအပ်ထားမှ သာလျှင်အောင်မြင်နိုင်မှာပါ၊ လူ တိုင်းသုံးစွဲဖို့အတွက်ဆိုရင် နိုင်ငံတော်ကလည်း ပံ့ပိုးကူညီမှုတွေ လိုအပ်တယ်၊ ဒါမှသာလျှင် သယ်ယူပို့ဆောင်ရေးစနစ်တွေလည်း ကောင်းလာနိုင်သလို မြို့ပြ လည်း ခေတ် မှီလာမယ်"ဟု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုမှ အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

Ref : Automobile

Author