Full article

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ဒိုင်နာကားများ ဘီအမ်ကားများကို ယာဉ်လိုင်းနည်းပါးတဲ့ မြို့အစွန်များတွင်သာ ပြေးဆွဲခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်။အများပိုင်းဘတ်စ်ကားစနစ်အခြေကျပြုလုပ်ပြီးပါက မြို့တော်အင်္ဂါရပ်နဲ့ညီညွှတ်မှုရှိသော ကားအသစ်များကိုပြေးဆွဲအသုံးပြုသွားတော့မှာဖြစ်သလို ဒိုင်နာနှင့် ဘီအမ်ကားများသည် အသုံးပြုထားတာကြာမြင့်နေပြီဖြစ်တဲ့အတွက်မြို့တွင်းထဲသို့ဝင်ရောက်ပြေးဆွဲခွင့်မပြုတော့ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်ကပြုလုပ်သည့်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆိပ်ကမ်းမဲဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်က အများပိုင်ဘတ်စ်ကားစနစ်ကြောင့် လက်ရှိပြေးဆွဲနေသော ယာဉ်ပိုင်ရှင်များအခက်အခဲများစွာကြုံတွေ့နေရကြောင်းတင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သယ်ယူပို့ဆောင်ရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲသွားမည်ဖြစ်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးနိုင်သော စနစ်တကျရှိစေတဲ့ ယာဉ်လိုင်းများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author