ဧပြီလ ၁ ရက်မှစ၍ Express ကားများ လုပ်ငန်းသုံးကားများ ဇိမ်ခံကုန်ပစ္စည်းများကို Custom Duty ၅ ရာခိုင်းနှုန်းအထက် အခွန်တိုးမြှင့်ကောက်ခံသွားရန်ရှိ

0

Full article


ဧပြီလ ၁ ရက်မှစ၍ Express ကားများ လုပ်ငန်းသုံးကားများကို ၅ ရာခိုင်းနှုန်းအထက် အခွန်တိုးမြှင့်ကောက်ခံသွားရန် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနကသိရပါတယ်။

ထိုလုပ်ငန်းသုံးကားများကို အရင်က Custom Duty ၃ ရာခိုင်နှုန်းကောက်ခံခဲ့ရာမှာ ၅ ရာခိုင်နှူန်းအထက်ပြောင်းလဲကောက်ခံသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်ပနိုင်ငံများကတင်သွင်းလာသည့် ၂ဝဝဝ စီစီနှင့်အောက်အိမ်စီးကားများကို ၃ဝ ရာခိုင်နှုန်း ၂ဝဝဝ စီစီအထက် ၄ဝ ရာခိုင်နှုန်း အခွန်နှူန်းထား ပြောင်းလဲကောက်ခံသွားမည်မဟုတ်ကြောင်းသိရပါတယ်။

လုပ်ငန်းသုံးကားတွေကိုပဲ Custom Duty အခွန်နှူန်းပြောင်းလဲကောက်ခံသွားမှာပါ။အိမ်စီးကားတွေမပါပါဘူး။ရာခိုင်နှူန်းဘယ်လောက် တိုးမြှင့်ကောက်ခံမယ်ဆိုတာ ဆွေးနွေးနေတုန်းပဲရှိပါသေးတယ်။ဟု အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမော်တော်ယာဉ်တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်းနဲ့ အခွန်တိုးမြှင့်ကောက်ခံမည့်ကိစ္စများကို ဆွေးနွေးထားရှိပြီးဖြစ်တယ်လို့သိရပါတယ်။

အကောက်ခွန်နှုန်းထားများ တိုးမြင့်ကောက်ခံရာတွင် ဇိမ်ခံကုန်ပစ္စည်းများလည်း ပါဝင်နေပြီး မကြာခင်အတည်ပြုထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author