ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲကို Yangon Convention Centre (YCC) ၌ စတင်ကျင်းပ

0

Full article

၂၁ ၊ ဖေဖေါ်ဝါရီလ၊ ၂၀၂၀ - ဒုတိယအကြိမ်မြောက်ဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို ယနေ့  (၂၁၊ ဖေဖေါ်ဝါရီလ၊ ၂၀၂၀) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ သုံးရက်တိုင်တိုင် အင်းလျားကန် ဟိုတယ်ဝင်းအတွင်းရှိ Yangon Convention Centre (YCC) ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမော်တော်ယာဉ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် Future Driving Society ဆောင်ပုဒ်နှင့်အညီ အထူးအာရုံစိုက်ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

ဒုတိယအကြိမ်မြောက်ကျင်းပသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ၏ အသေးစိတ်အစီအစဉ်များအား ပြပွဲစီစဉ်သည့် GPI Myanmar Co.,Ltd. မှဦးစီးကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း (AAM) နှင့် YCC (Yangon Convention Centre) မှထောက်ခံချက်ပေးထားပြီး ပါတနာအဖြစ် CB Bank ၊ Café Amazon ၊ GGI Insurance နှင့် Automobile Journal တို့ပါဝင်ကြမည်ဟုလည်းသိရသည်။

Yangon International Motor Show တွင် ပါဝင်ပြသသွားမည့် ကားအမှတ်တံဆိပ်များမှာ  BMW ၊ Brilliance ၊ DFSK ၊ Ford ၊ Fuso ၊ GAC ၊ Jaguar ၊ Land Rover ၊ Mazda ၊ Mercedes-Benz ၊ Nissan ၊ Scania ၊ Suzuki ၊ Toyota နှင့် Volvo တို့ဖြစ်ကြပြီး Promotion အစီအစဉ်များ၊ Lucky Draw အစီအစဉ်များ ၊ ကြိုက်နှစ်သက်ရာကားများကို စိတ်ကြိုက်စမ်းသပ်မောင်းနှင်နိုင်မည့် Test Drive အစီအစဉ်များအပြင် အခြားထူးခြားသည့်အစီအစဉ်များလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Author