ဒူဘိုင်းမြို့အတွက် အလိုအလျောက် မောင်းနှင်အမှုထမ်းပေးမဲ့ စက်ရုပ်ရဲကား

0

Full article

![](/redline/content/images/2017/07/efefgf-300x200.jpg)

_ Photo Credit_

ဒူဘိုင်းမြို့တွင် အလိုအလျောက် မောင်းနှင်ကာ တာဝန်ထမ်းဆောင်နိုင်သော စက်ရုပ်ရဲကားများကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယင်းအလိုလျေက် မောင်းနှင်နိုင်သော ရဲကားများကို ယခင်နှစ်မကုန်ခင် စတင်အသုံးပြုသွားမှာဖြစ်ပြီး ၂ဝ၃ဝ ခုနှစ်တွင် ဒူဘိုင်း ရဲတပ်ဖွဲ့ဝင်အင်အားရဲ့ လေးပုံတစ်ပုံကို စက်ရုပ်ရဲကားများဖြင့် အစားထိုးအသုံးပြုသွားဖို့ ရည်ရွယ်ထားကြောင်း ဒူဘိုင်းရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။ အလိုလျောက်မောင်းနှင် နိုင်သည့် စက်ရုပ်ရဲကားများ မှာ ၃၆ဝ ဒီဂရီ လှည့်လည်နိုင်သည့် HD camera တပ်ဆင်ထားပြီး ဒူဘိုင်းမြို့၏ လမ်းမနေရာအများအပြားတွင် တာဝန်ထမ်းဆောင်နိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ဒါတွေအပြင် စက်ရုပ်ရဲကားများတွင် သံသယရှိသူကို အာရုံခံပုံဖော်ပေးနိုင်သည့် လေဆာ scanner ပါရှိသည့်အပြင် သံသယရှိသူထွက်ပြေးပါက လိုက်လံခြေရာခံ သတင်းယူပေးနိုင်သော တစ်နာရီ ၂၇.၉မိုင်အထိ ပျံသန်းနိုင်သည့် drone အသေးစားတစ်ခုကိုလည်း တပ်ဆင်ထားပါတယ်။ ထို drone မှတစ်ဆင့် ရဲတပ်ဖွဲ့ဝင်များ၏ မိုဘိုင်း app ဆီသို့ သတင်းပေးပို့ကာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Q-R3စက်ရုပ်ရဲကား ကို စင်ကာပူ start-up ကုမ္ပဏီ OTSAW Digital မှ တည်ဆောက်ခဲ့ပြီး လူသား ရဲအမှုထမ်းများ၏ နေရာများတွင်အပြည့်အဝ အသုံးပြုသွားမှာမဟုတ်ဘဲ ကင်းလှည့်ခြင်း၊ လုံခြုံရေး စောင့်ကြည့်ရေးတို့တွင်သာ အသုံးပြုသွားမှာဖြစ်သည့် ကမ္ဘာ့ပထမဆုံး လုံခြုံရေး စက်ရုပ်ဖြစ်တယ်လို့ OTSAW ကုမ္ပဏီမှသတင်းထုတ်ပြန် ပါတယ်။ အဓိကအားဖြင့် နိုင်ငံခြားသား အသွားအလာများသည့် နေရာများတွင် အသုံးပြုသွားနိုင်မှာပါ။ ဒူဘိုင်းရဲ့ လမ်းမ နေရာများမှာ ရဲဝန်ထမ်းအင်အား အများအပြား အသုံးပြုစရာမလိုဘဲ လုံခြုံငြိမ်းချမ်းမှု ရှိစေရန် ရည်ရွယ်အသုံးပြုသွားမှာဖြစ်တယ်။ လို့ ဒူဘိုင်း ရဲတပ်ဖွဲ့၏ ရဲဖက်ဆိုင်ရာ အကြီးအကဲမှ ပြောကြားခဲ့ပါတယ်။

_ Photo Credit_

အဆိုပါ အလိုအလျောက်မောင်းနှင်နိုင်သည့် စက်ရုပ်ရဲကားများမှာ လေးချိန်၂၇၅ ပေါင် ရှိပြီး မောင်းနှင်အား တစ်နာရီ ၉.၃မိုင်အထိ ရှိထားပါတယ်။ OTSAW ကုမ္ပဏီသည် ဒူဘိုင်းရဲတပ်ဖွဲ့အတွက် ၂ဝ၂ဝ ခုနှစ်တွင် စက်ရုပ်ရဲကား အစီးရေ ၁ဝဝ အထိ ထုတ်လုပ်သွားရန် သဘောတူညီမှု ရယူထားပြီး ငှားရမ်းခ အဖြစ် တစ်လဒေါ်လာ ၁ဝ,ဝဝဝ သတ်မှတ်ကာ နိုင်ငံအများအပြားရှိ ရဲတပ်ဖွဲ့များတွင် အစားထိုးအသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။



_ Photo Credit_

နိုင်ငံခြားသား ဝင်ရောက်လည်ပတ်သူ တစ်နှစ် ၁၅ သန်း နီးပါးရှိသည့် ဒူဘိုင်းမြို့တွင် အစိုးရမှ ရဲတပ်ဖွဲ့ဝင်အင်အား တောင့်တင်းစေရန် Sport type ကားများကို ရဲဖက်ဆိုင်ရာကားအဖြစ် အသုံးပြုနေပြီး Hypercar အမျိုးအစားများဖြစ်သည့် Lamborghini နဲ့ Ferrari တို့ကို ၂ဝ၁၃ ခုနှစ်မှစတင်ကာ အသုံးပြုနေကြောင်း သိရသည်။

Author