ယခုနှစ်အတွင်း ယာဉ်မောင်းလိုင်စင် ဖြေဆိုသည့် ရုံး သန်လျင်မြို့တွင် ထမ်မံတိုးချဲ့ဖွင့်လှစ်ထားရှိမည်

0

Full article

ယာဉ်မောင်းလိုင်စင် ရေးဖြေလက်တွေ့ဖြေဆိုသည့် ရုံးကို မြင်သာကညနရုံးနှင့် ရွာသာကြီးကညန ရုံးများတွင် လုပ်ငန်းများဆောင်ရွက်ပေးနေရာမှ သန်လျင်တွင် မကြာမီ ထပ်မံတိုးချဲ့ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ ယာဉ်မောင်းလိုင်စင် ရေးဖြေ ဖြေဆိုခြင်းနှင့် လက်တွေ့မော်တော်ယာဉ် မောင်းနှင်ဖြေဆိုခြင်းများကို ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မြေနေရာ ၄.ဝ၈ ဧက ရရှိထားသည့် သန်လျင် မြို့နယ်တွင် ထပ်မံတိုးချဲ့ထားရှိပေးသွားမည်ဖြစ်ရာ ယာဉ်မောင်းလိုင်စင် လုပ်ငန်းအမျိုးအစားအားလုံးကို လာမည့်အောက်တိုဘာလ ၈ ရက်နေ့မှစ၍ နှုန်းထားအလိုက်တိုးမြှင့် ကောက်ခံနေလျက်ရှိကြောင်း သိရသည်။

"အခုလက်ရှိ မြင်သာရုံးနဲ့ ရွာသာကြီးမှာ ယာဉ်မောင်းလိုင်စင် ရေးဖြေနဲ့ လက်တွေ့ဖြေဆိုတာကို လုပ်ပေးနေတယ်။ ယာဉ်မောင်းလိုင်စင် လာပြီးဖြေဆိုတဲ့ လူဦးရေကလည်း နောက်ပိုင်းမှာ များလာလို့ သန်လျင်ဘက်မှာ ယာဉ်မောင်းလိုင်စင်ဖြေဆိုတာကို မကြာခင်မှာ တိုးချဲ့ထားရှိပေးသွားမှာ ဖြစ်ပါတယ်" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများ သင်မောင်းလိုင်စင် ၃ လ ပြည့်ပြီးပါက လိုင်စင်အနက်သို့ပြောင်းလဲရာတွင် ယာဉ်မောင်းသင်တန်းကျောင်း သင်တန်းဆင်းလတ်မှတ် (certificate ) ပြသရခြင်းကို၂ဝ၁၈ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ မလိုအပ်တော့ဘဲ ဖြေလျော့ပေးခဲ့ရာ ကညနရုံးများတွင် ယာဉ်စည်းကမ်းဆိုင်ရာ ယာဉ်မောင်းသင်တန်းတက်ရောက်ပြီး online မှတဆင့် လျောက်ထားကာ မြင်သာရုံးတွင် ရေးဖြေ နှင့် ရွာသားကြီးကညနရုံးတွင် ယာဉ်မောင်းနှင်ခြင်းလက်တွေ့ဖြေတို့ကို ပြုလုပ်ရလျက်ရှိသည်။

Author