ယာဉ်မောင်းနှင်မှူထောက်ခံချက် ထုတ်ပေးသည့် ယာဉ်မောင်းသင်တန်းကျောင်းများ ဝင်ရောက်စစ်ဆေးမည်

0

Full article


ယာဉ်မောင်းနှင်ရာတွင် အမှန်တစ်ကယ် တက်ကျွမ်းသူ များကိုသာ ထောက်ခံချက် ပြုလုပ်ပေးမှူရှိ/မရှိကို ယာဉ်မောင်းသင်တန်းဖွင့်လှစ်ထားသော သင်တန်းကျောင်းများကို ဝင်ရောက်စစ်ဆေးသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့ကသိရပါတယ်။မော်တော်ယာဉ် မောင်းနှင်တက်ကျွမ်းမှူ ထောက်ခံချက်ပါရှိမှ ယာဉ်မောင်းလိုင်စင်ဖြေဆိုခွင်ရရှိမည်ဖြစ်ရာ အမှန်တစ်ကယ် ယာဉ်မောင်းတက်ကျွမ်းသူကိုသာ ထောက်ခံချက်ထုတ်ပေးရမှာဖြစ်ပါတယ်။

ကားမောင်းနှင်ဖို့ အမှန်တစ်ကယ်တတ်ကျွမ်းမောင်းနှင်သူကိုသာ ထောက်ခံချက် ထုတ်ပေးရမှာဖြစ်တယ်။တစ်ကယ် ကားမမောင်းတက်ဘဲတက်မောင်းရင် မလိုအပ်တဲ့ ယာဉ်တိုက်မှူတွေဖြစ်လာနိုင်တယ်။ယာဉ်မောင်းသင်တန်းကျောင်းတွေ တစ်ကယ်ကားမောင်းတက်တဲ့သူကို ထောက်ခံချက်ပေးဖို့လိုပါတယ် လို့

ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူရုံးက ပြောပါတယ်။

ယာဉ်မောင်းလိုင်စင်ထုတ်ပေးရာတွင် ယာဉ်မောင်သင်တန်းကျောင်း တစ်ခုခုမှ ယာဉ်မောင်းတတ်ကြောင်း ထောက်ခံချက်ပါရှိမှ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားရေးမှူးဦးစီးဌာနမှာ ရေး/ဖြေ ဖြေဆိုခွင့်ပြုထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မောင်းသင်တန်းကျောင်း အခု ၇ဝ ဖွင့်လှစစ်ခွင့်ပေးနပြီး တစ်ရက်လျှင် ယာဉ်မောင်လိုင်စင်ဖြေဆိုသူ ၈ဝ ဦးခန့် ရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author