Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တတိယရုံးခွဲအဖြစ် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို ပို့ဆောင်ရေးစီမံကိန်းဦးစီး ဌာန (ပို့/ဆက် အောင်မင်္ဂလာရုံး ခွဲ)တွင် မတ် ၂ဝ ရက်က စတင် ပြုလုပ်ပေးခဲ့ရာ မတ် ၂၅ ရက်အထိ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူ လေးဆယ်ကျော်ရှိခဲ့ပြီး တစ်ရက် ပျမ်းမျှနှုန်းအနေဖြင့် ၁ဝ ဦးဝန်း ကျင် လာရောက်ပြုလုပ်ကြောင်း 'ကညန ယာယီရုံးခွဲ၊ အောင်မင်္ဂလာ အဝေးပြေးဂိတ်'မှ သိရသည်။

Lincense

အောင်မင်္ဂလာအဝေးပြေးဂိတ် အတွင်းရှိ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးသူများသည် ဓာတ်ပုံတစ်ပုံ၊ လိုင်စင်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မိတ္တူ ပါရှိရမည်ဖြစ်ကာ သက် တမ်းတိုးရာတွင် လိုင်စင်မူ ရင်းကိုစစ်၍ ကျသင့်ငွေ ကောက်ခံထားပြီး ယာဉ်ပိုင်ရှင်များအလုပ် မပျက်စေရန် လိုင်စင်မူရင်း ပြန်ပေးထားမည် ဖြစ်သည်။ သက် တမ်းတိုးရာ တွင် ယာဉ်မောင်းလိုင် စင်အပ်နှံပြီး သုံးရက်မြောက်နေ့မှသာ လိုင်စင်အသစ် ထုတ်ပေးမည်ဖြစ်ပြီး လိုင်စင်မူရင်း၊ ငွေပြေစာနှင့် လာရောက် ရွေးယူရမည် ဖြစ်ကြောင်း သိရ သည်။ အောင်မင်္ဂလာအဝေးပြေးဂိတ် အတွင်းရှိ ရုံးခွဲတွင် ယာဉ်မောင်း လိုင်စင်သက်တမ်းတိုး လာရောက် ပြုလုပ်သူ မင်္ဂလာဒုံမြို့နယ်နေ ကိုအောင်မင်းဦးက "ဒီမှာယာဉ် မောင်းလိုင်စင် သက်တမ်းတိုး ရုံးခွဲ ဖွင့်နေပြီဆိုလို့ သက်တမ်းလာတိုးတာပါ၊ အရင်တုန်းက မြင်သာက ညနရုံးမှာ လိုင်စင်သက်တမ်းသွား တိုးရတာ၊ အောင်မင်္ဂလာ အဝေး ပြေးဝင်းထဲမှာဆိုတော့ မင်္ဂလာဒုံ၊ အင်းစိန်၊ မြောက်ဥက္ကလာပတို့မှာ နေတဲ့သူတွေ၊ နီးစပ်တဲ့သူတွေ သွားရလာရတာ အဆင်ပြေသွားတာပေါ့၊ အရင်တုန်းက အနည်းဆုံး တစ်ရက် အချိန်ပေးရတယ်၊ အခု လိုင်စင်အသစ်မရခင် သုံးရက်အတွင်းမှာ လိုင်စင်ကို ကိုယ့်လက်ထဲမှာပေးထားတယ်၊ အလုပ်လည်း မပျက်တော့ဘူး၊ အချိန်ကုန် လည်း သက်သာသွားတယ်၊ သက်ဆိုင်တဲ့မြို့နယ်တွေမှာ ရုံးခွဲတွေ ထပ်ဖွင့်ပေးရင်ပိုကောင်းပါတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန(ကညန)မှ ယာဉ်မောင်းများ နှင့် စပယ်ယာများ အလုပ်မပျက်ဘဲ လွယ်လင့်တကူ လိုင်စင်သက်တမ်းတိုးနိုင်ရန် ပထမရုံးခွဲကို ရွာသာကြီး၊ ဒုတိယ ရုံးခွဲကို ဘူတာကြီးနှင့် တတိယရုံးခွဲကို အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဖွင့်လှစ်ပေး ခဲ့ပြီး ထပ်မံ တိုးချဲ့ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း 'မြင်သာ ကညန ရုံး'မှ သိရသည်။

Ref: Automobile

Author