ကြိုက်တဲ့နေရာမှာ ယာဉ်မောင်းသင်ပြီး ယာဉ်မောင်းသင်တန်းဆင်း certificate မလိုဘဲ ယာဉ်မောင်းလိုင်စင် ဖြေဆိုခွင့်ပေးတော့မည်

0

Full article

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်မောင်းနှင်ရန်အတွက် နံပါတ်အနက်ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် လျှောက်ထားမှုများကို ယာဉ်မောင်း သင်တန်းဆင်းလတ်မှတ် certificate မလိုတော့ဘဲ ရေးဖြေတိုက်ရိုက် ဖြေဆိုခွင့်ပေးသွားမည်ဖြစ်ကြောင်း မြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

" ယာဉ်မောင်းလိုင်စင် ဖြေဆိုရင် သင်တန်းဆင်းလတ်မှတ် certificate မလိုဘဲ ရေးဖြေဆိုခွင့်ပေးဖို့ရှိတယ်။ ကြိုက်တဲ့နေရာမှာ ယာဉ်မောင်းသင်တန်းတက်လို့ရတယ်။ တစ်ကယ်တက်ဖို့တော့ လိုတယ်။ ပြီးရင် ယာဉ်မောင်းလိုင်စင် ဖြေဆို လို့ရပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ရန်ကုန်တိုင်းတွင် ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများကို သင်မောင်းလိုင်စင် ၃ လ ပြည့်ပြီးပါက နံပါတ်အနက်သို့ပြောင်းလဲရာတွင် ယာဉ်မောင်းသင်တန်းကျောင်း သင်တန်းဆင်းလက်မှတ် certificate ပါမှသာ ဖြေဆိုခွင့်ပြုထားခြင်း ဖြစ်ရာ ယာဉ်မောင်းသင်တန်း တကယ်မတက်ဘဲ သင်တန်း ဆင်းလက်မှတ်ကို ငွေကြေးဖြင့် ဝယ်ယူပြီး လုပ်ဆောင်နေသည့်အတွက် certificate ပြသရန်မလိုတော့ဘဲ ဖြေလျှော့ပေးခြင်းဖြစ်ကြောင်းသိရသည်။

၂ဝဝ၇ ခုနှစ်ကစ၍ ယာဉ်မောင်းလိုင်စင် ရေးဖြေဆိုခွင့်ပေးရာမှာ ရန်ကုန်တိုင်းဒေသကြီး တစ်ခုထဲကိုသာ ယာဉ်မောင်း သင်တန်းဆင်းလက်မှတ် တောင်းခံပြီး တစ်ခြားပြည်နယ်နှင့် တိုင်းများမှာ မလိုအပ်ဘဲ ဖြေဆိုခွင့်ပေးနေ၍ ယခုနောက်ပိုင်း ရန်ကုန်တိုင်းတွင်ယာဉ်မောင်းသင်တန်း certificate တောင်းခြင်းကို ဖြေလျှော့ပေးခြင်းဖြစ်ကြောင်းသိရသည်။

Author