ယာဉ်မောင်း လိုင်စင် ဖြေဆိုရာတွင် စာကူးချမှူများတွေရှိပါက ဖြေဆိုခွင့် ၃ လရပ်ဆိုင်းမည်

0

Full article

![](/redline/content/images/2017/05/dt-300x150.jpg)

ယာဉ်မောင်း လိုင်စင် လာရောက်ဖြေဆိုသူများစာကူးချမှူများတွေ့ရှိပါက ဖြေဆိုခွင့် ၃ လရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ သိရပါတယ်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုတဲ့အခါ စာကူးချတဲ့ သူတွေလည်းရှိပါတယ်။ တစ်ကယ်လို့ စာကူးချတာမျိူ်.းကိုတွေ့ရှိတယ်ဆိုရင် ဖြေဆိုခွင့် ရပ်ဆိုင်းသွားမှာပါ။ တရားဝင် လည်းအသိပေးထားပါတယ် လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယာဉ်မောင်းလိုင်စင်ရေးဖြေ ဖြေဆိုရာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မေးခွန်းများ မေးမြန်းထားရှိပြီး ရမှတ် ၄ဝ ရရှိမှသာ ရွာသာကြီး ကညန ရုံးတွင် လက်တွေ့ ယာဉ်မောင်းနှင်ခြင်းကို ဆက်လက်ဖြေဆိုရမည်ဖြစ်ကြောင်း ရေးဖြေနှင့် လက်တွေ့ ဖြေဆိုအောင်မြင်မှသာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးလျှက်ရှိကြောင်းသိရပါတယ်။

ခေတ်သစ်

Photo Credit

Author