ယာဉ်မောင်းလိုင်စင် ဖြေဆိုရန်အတွက် လျှောက်ထားရသည့် ဘိုကင်စနစ်အစား အောက်တိုဘာ ၁ ရက်ကစ၍ Online စနစ် ပြောင်းလဲအသုံးပြုသွားမှာဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူးဦးစီးဌာနထံမှ သိရပါသည်။
" အောက်တိုဘာ ၁ ရက်စပြီး ယာဉ်မောင်းလိုင်စင် ဖြေဖို့ ဘိုကင်တွေ လျှောက်တဲ့ စနစ်အစား online ကနေပြောင်းပြီး လျှောက်ထားရမယ်။ onlie ကနေ လျှောက်ထား ရမယ့် အချက်တွေကို ကြော်ငြာ ပေးသွားမယ်။"လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က တာဝန်ရှိသူ ကပြောပါတယ်။
ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း မေးခွန်းများ မေးမြန်ထားရှိပြီး ရမှတ် ၄ဝရရှိမှသာ ရွာသာကြီး ကညနရုံးတွင် လက်တွေ့ယာဉ်မောင်းနှင်ခြင်းကို ဆက်လက် ဖြေဆိုရ မည်ဖြစ်ရာ စာမေးပွဲနှစ်ခုစလုံး အောင်မြင်မှသာ ယာဉ်မောင်းလိုင်စင် ထုတ်ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။
ကညနရုံးများတွင် ယာဉ်မောင်းလိုင်စင်ရေးဖြေ ဖြေဆိုနေသူဦးရေ တစ်ရက်ကို အယောက် ၈ဝဝ အထိ ရှိနေသည်ဟု သိရပါသည်။
ခေတ်သစ်