သြဂုတ်လမှစ၍ လိုင်စင် အာမခံနှုန်းထား ၁ဝ ဆအထိတိုးမြှင့် ကောက်ခံသွားမည်

0

Full article

မြန်မာ့ အာမခံလုပ်ငန်းမှ လာမည့် သြဂုတ်လမှ စတင်၍ လိုင်စင်အာမခံနှုန်းထားများကို ၁ဝ ဆအထိတိုးမြှင့် ကောက်ခံသွားမည်ဖြစ်သည်။
ယာဉ်မောင်းလိုင်စင် အာမခံပရီမီယံနှုန်းထား ကောက်ခံနေသည့် ငွေကြေးမှာ နည်းပါးနေသည့်အတွက် ယင်းသို့ တိုးမြှင့် ကောက်ခံရခြင်းဖြစ်ကြောင်း မြန်မာ့ အာမခံ လုပ်ငန်း ညွှန်ကြားရေးမှုးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ယခင်က ယာဉ်မောင်းလိုင်စင် အာမခံနှုန်းထားများကို ကောက်ခံရာတွင် အနိမ့်ဆုံး ၂ဝဝ ကျပ် ကောက်ခံနေလျှက်ရှိရာ နည်းပါးလွန်းသဖြင့် တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိကောက်နေတဲ့ ပရီမီယံကြေးနှုန်းထားက အရမ်းနည်းနေတဲ့အတွက် တိုးမြှင့်ကောက်ခံတာဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်တွေအားလုံးရဲ့ အာမခံနှုန်းကို လာမယ့် သြဂုတ်လကစပြီး ၁ဝဆ တိုးမြှင့် ကောက်ခံသွားမှာပါ ဟု မြန်မာ့ အာမခံလုပ်ငန်း ညွှန်ကြားရေးမှု ဦးသိန်းထွန်းကပြောသည်။
မြန်မာ့ အာမခံလုပ်ငန်းမှ မော်တော်ယာဉ်များအား တင်ဆောင်နိုင်သည့် ဝန်ပမာဏပေါ်မူတည်၍ ကိုယ်ပိုင်ယာဉ်နှင့် အငှားယာဉ်များကို အာမခံနှုန်း ထား တိုးမြှဖင့်ကောက်ခံမည်ဖြစ်ပြီး ထို့အတူ ယာဉ်မောင်းလိုင်စင်များပြုလုပ်ရာတွင်လည်း လိုင်စင်အလိုက် အာမခံနှုန်းထားများကိုလည်း တိုးမြှင့်ကောက်ခံမည်ဖြစ်သည်။ ခေတ်သစ်

Author