ယာဉ်မောင်းလိုင်စင် အွန်လိုင်း တိုကင်စနစ် အရေအတွက်တိုးမြင့် လျှောက်ထားခွင့်ပေးမည်

0

Full article

Photo Credit

ယာဉ်မောင်းလိုင်စင် အွန်လိုင်းတိုကင်စနစ် အရေအတွက် တိုးမြင့်လျှောက်ထားခွင့်ပေးသွားမှာ ဖြစ်သည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူးဦးစီးဌာနက သိရပါသည်။

ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် လျှောက်ထားမှု တိုကင်ပေးသည့် အရေအတွက်အား တရက်လျှင် ၃ဝဝ ခန့် ထုတ်ပေးနေရာ အောက်တိုဘာလ ၁ ကစပြီး အွန်လိုင်း စနစ်ပြောင်းလဲမည်ဖြစ်၍ တုံကင်လျှောက်ထားသည့် အရေအတွက်ကို ၄ဝဝ အထိ တိုးမြင့် ချပေးသွားမည် ဖြစ်သည်ဟု သိရပါသည်။

"ယာဉ်မောင်းလိုင်စင် ဖြေဖို့ လျှောက်တာကို အောက်တိုဘာ ၁ ရက်က စပြီး အွန်လိုင်း စနစ်ပြောင်း လဲမှာဖြစ်တဲ့အတွက် တစ်ရက်ကို လျှောက်ထားတဲ့ အရေအတွက် ၄ဝဝ အထိ တိုးပြီးလျှောက်ထားတာ လုပ်ဆောင်ပေးသွားမယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အောက်တိုဘာ ၁ ရက်စပြီး တိုကင်ယူတဲ့ စနစ်ကနေ အွန်းလိုင်းက လျှောက်တဲ့ စနစ်ကို ပြောင်းပြီး အသုံးပြုမယ်။ vacancy ခေါ်တဲ့ အရေအတွက်ရှိလား၊ မရှိသေးလားဆိုတာ အွန်လိုင်းမှာ ဝင်ကြည့်နေလို့ရပါတယ်။"ဟု ထပ်လောင်းပြောကြားသွားခဲ့သည်။

ယာဉ်မောင်းလိုင်စင်ရေးဖြေဆိုမှုမှာ တရက်လျှင် ဖြေဆိုသူဦးရေ ၈ဝဝ နီးပါးရှိနေရာ အမှန်တစ်ကယ် ဖြေဆို အောင်မြင်သူ ၂ဝဝ နီးပါးခန့်သာ ရှိကြောင်း သိရပါသည်။

ခေတ်သစ်

Author