ယာဉ်မောင်းလိုင်စင် ရေးဖြေလက်တွေ့ဖြေဆိုသည့်ရုံးကို မြင်သာကညနရုံးနှင့် ရွာသာကြီး ကညနရုံးများတွင် လုပ်ငန်း များဆောင်ရွက်ပေးနေရာမှ သန်လျှင်တွင် ထပ်မံတိုးချဲ့ ထားရှိပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ကသိရသည်။
အဆိုပါ ယာဉ်မောင်းလိုင်စင် ရေးဖြေဖြေဆိုခြင်းနှင့် လက်တွေ့မော်တော်ယာဉ် မောင်းနှင်ဖြေဆိုခြင်းကို ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ မြေနေရာ ၄. ဝ၈ ဧက ရရှိထားသည့် သန်လျှင် မြို့နယ်တွင် ထပ်မံတိုးချဲ့ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိ မြင်သာရုံးနဲ့ ရွာသာကြီးမှာ ရေးဖြေနဲ့ လက်တွေ့ဖြေဆိုတာကို လုပ်ပေးနေတယ်။ ယာဉ်မောင်းလိုင်စင် လာပြီးဖြေဆိုတဲ့ လူဦးရေကလည်းနောက်ပိုင်းများလာလို့ သန်လျှင်ဘက်မှာ မြေနေရာ ရထားတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုတာကို တိုးချဲ့ထားရှိပေးသွားမှာ ဖြစ်ပါတယ်"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။
ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများကို သင်မောင်းလိုင်စင် ၃ လ ပြည့်ပြီးပါက နံပါတ်အနက်သို့ ပြောင်းလဲရာတွင် ယာဉ်မောင်းသင်တန်းကျောင်း သင်တန်းဆင်းလတ်မှတ် Certificate လက်မှတ်ပြ ဝယ်ယူခြင်းကို မလိုအပ် တော့ကြောင်း ဖေဖေါ်ဝါရီလမှစ၍ ဖြေလျှော့ပေးခဲ့ရာ ကညနရုံးတွင် ယာဉ်မောင်းသင်တန်းတက်ရောက်ပြီး အွန်လိုင်းက လျှောက်ထား၍ ရေးဖြေ ဖြေဆိုလို့ ရပြီဖြစ်ကြောင်းသိရသည်။
ယာဉ်မောင်းလိုင်စင်ရေးဖြေဖြေဆိုမှုမှာ အွန်လိုင်းစနစ်မှ လျှောက်ထားမှု ပြောင်းလဲခဲ့ပြီး ယာဉ်မောင်းလိုင်စင် ဖြေဆိုရန် တရက်လျှင် ဖြေဆိုသူဦးရေ ၆ဝဝ ကျော်ရှိနေကြောင်းသိရသည်။
regulation
breaking news