YRTA တွင် မှတ်ပုံတင်ထားသည့် ကုန်သေတ္တာတင်ယာဉ်မောင်းများအား ဆိပ်ကမ်းအာဏာပိုင်သင်တန်းတက်ရောက်ပြီးမှ ကုန်စည်သယ်ယူခွင့်ရရှိမည်

0

Full article

သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ YRTA တွင်မှတ်ပုံတင်ထားသောကုန်သေတ္တာတင်ယာဉ်များ၏ ယာဉ်မောင်းများကို ဆိပ်ကမ်းအာဏာပိုင်က သတ်မှတ်ထားသော သင်တန်းများတက်ရောက်ပြီးမှသာ ဆိပ်ကမ်းအတွင်း ကုန်စည်သယ်ယူပို့ဆောင်ခွင့်ရရှိမည်ဖြစ်ကြောင်း YRTA (ကုန်စည်)မှ တာဝန်ရှိသူတစ်ဦးကသိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၌ ကုန်သေတ္တာတင် ယာဉ်များ မှတ်ပုံတင် ခြင်းကို မကြာမီကာလအတွင်း အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန် လိုအပ်သည့်အသေးစိတ်အချက် စည်းမျဉ်း/ကမ်းနှင့်ပြစ်ဒဏ်များကို ရေးဆွဲစီစဉ်နေကြောင်း YRTA (ကုန်စည်)မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ရန်ကုန်တိုင်းမှာရှိတဲ့ ကုန်သေတ္တာတင်ယာဉ် တွေကို YRTA မှတ်ပုံတင်ရမယ်။ ပြီးရင် ယာဉ်မောင်းတွေကို ဆိပ်ကမ်းအာဏာပိုင်က သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေသိရှိဖို့ သင်တန်းပေးမယ်။ ပြီးရင် ရန်ကုန်တိုင်းမှာရှိတဲ့ ဆိပ်ကမ်း တွေကိုဝင်ပြီး ကုန်သေတ္တာတွေကို သယ်ယူပို့ဆောင်ခွင့်ရှိမယ်။နှစ်ကုန်လောက်မှာ မှတ်ပုံတင်ထားတဲ့ကားတွေဘဲ ဆိပ်ကမ်းဝင်ထွက်လို့ရတဲ့ အစီအစဉ်စမယ်။"ဟု သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့YRTA ကုန်စည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကွန်တိန်နာယာဉ်များ YRTA တွင် မှတ်ပုံတင်ထားခြင်းအားဖြင့် စနစ်တကျကိုင်တွယ်နိုင်ရန်လုပ်ဆောင်နေရာ လိုအပ်သော စည်းမျဉ်းစည်းကမ်းများ လုပ်ဆောင်နေပြီး ဆိပ်ကမ်းအတွင်းဝင်ထွက်သွားလာမှုများ ကို စနစ်တကျသွားလာရမှာ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် YRTA ၌ကုန်သေတ္တာတင်ယာဉ်တစ်စီးလျှင် မှတ်ပုံတင်ကြေးအတွက် တစ်နှစ်လျှင်ကျပ် ၄၅ဝဝ ပေးဆောင်ရမည်ဖြစ်ရာ ကုန်သေတ္တာယာဉ်များမှာ YRTA တွင် မှတ်ပုံတင်ထားသည့် ကုန်သေတ္တာတင်ယာဉ်စီးရေ ၄,ဝ၂ဝ စီး ရှိကြောင်း သိရသည်။

Regulation

Author