ယာဉ်မောင်းလိုင်စင်များကို ဖြေဆိုရာတွင် Online စနစ်မှ လှျောက်ထားတင်ပြရမြှာဖစ်ပြီး ခ ၊ င ယာဉ်လိုင်စင်မြျေားဖဆေိုအာင်မြင်လျှင် မြန်မာတစ်ပြည်လုံးတွင် မောင်းနှင်ခွင့်ရရုံမျှမက အာဆီယံနိုင်ငံများတွင်လည်း မောင်းနှင်နိုင်ကြောင်း သိရသည်။
" (ခ) လိုင်စင်နဲ့ (င) ယာဉ်မောင်းလိုင်စင်က အာဆီယံနိုင်ငေံတွမှာ မောင်းလို့ရနေပါပြီ။ အရင်ကတော့ အာဆီယံ ယာဉ်မောင်းလိုင်စင် သက်သက်ဖြေရတာ။ လိုင်စင်သက်တမ်းတိုးတဲ့အခါမှာ လိုင်စင်အသစ်ပြန်ထုတ်ပေးတယ်။ အဲဒီ ကတ်ပြားမှာ မြန်မာတစ်နိုင်ငံလုံး မောင်းနှင်ခွင့်မပေါတာ့ဘူး။မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ ဖော်ပြထားတယ်။မောင်းနှင်လို့ရတဲ့ ကားအမျိုးအစားလည်း ဖော်ပြထားပါတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ပြောကြားသည်။
ယာဉ်မောင်းလိုင်စင် ဖြေဆိုရာတွင် (ခ) ယာဉ်မောင်းလိုင်စင်ရလိုသူသည် အသက်(၁၈)နှစ်ပြည့်သူ၊ (က) လိုင်စင်သက်တမ်း (၃)လပြည့်သူ၊ သတ်မှတ်ယာဉ်မောင်းသင်တန်း တက်ရောက်အောင်မြင်ပြီးသူ ဖြစ်ရန် လိုအပ် သည်။ (င) ယာဉ်မောင်းလိုင်စင်ရလိုသူသည်လည်း (ဃ)လိုင်စင်သက်တမ်း (၂)နှစ်ပြည့်ပြီးသြူဖစ်ရမည်ဟု သိရသည်။