ရန်ကုန် Downtown ၆ မြို့ နယ်တွင် ယာဉ်ရပ်နားခ ကောက်ခံသည့်နှုန်း မကြာခင် သတ်မှတ်မည်

0

Full article

.


ရန်ကုန် Downtown ၆ မြို့ နယ်တွင် ယာဉ်ရပ်နားခများ ကောက်ခံရန် မကြာမီသတ်မှတ်သွားတော့မှာ ဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံကနေ သိရသည်။

ရန်ကုန်မြို့တွင်းတွင် ယာဉ်ရပ်နားခ ကောက်ခံရန် နှုန်းထားများ သတ်မှတ်နေလျှက်ရှိပြီး မြို့တွင်း ၆ မြို့နယ်အတွင်း အများပြည်သူသုံးလမ်းမများပေါ်တွင် ရပ်နားထားသော ကားများကို ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

"ယာဉ်ရပ်နားခ ကောက်ခံဖို့ကို မကြာခင်လုပ်သွားမှာပါ။ လွတ်တော်မှာလည်း မြို့တော်ဝန်က ပြောထားပြီးသားပါ။မြို်တွင်း ၆ မြို့နယ်အတွင်းမှာ ရပ်တဲ့ကားတွေကို သတ်မှတ်နှုန်းထားတစ်ခုနဲ့ကောက်ခံဖို့ ရှိပါတယ်။"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မျဉ်းဝါကားပါကင်များ ရေးဆွဲ၍ ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားမှာ ဖြစ်ကြောင်းကို ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော် ပုံမှန်အစည်းအဝေးတွင် ပြောကြားထားခဲ့ပါသည်။

Author