လာမည့်နှစ်တွင် လုပ်ငန်းသုံး ၄ တန်အောက်ကားများ ဘယ်မောင်း တစ်မျိူးတည်း တင်သွင်းခွင့်ပြုရန် ဆွေးနွေးထား

0

Full article

![width=300](/redline/content/images/2017/06/86-300x300.jpg)

လာမည့်နှစ် မော်တော်ယာဉ်များတင်သွင်းခွင့်ပြုရာတွင်လုပ်ငန်းသုံး ၄ တန်အောက်ကားများ ကို ဘယ်မောင်း တစ်မျိူးတည်း တင်သွင်းခွင့်ပြုရန်ဆွေးနွေးထားရှိတယ်လို့ ကြီးကော်အစည်းအဝေးတက်ရောက်ခဲ့သူ တစ်ဦးထံကနေ သိရပါတယ်။ လုပ်ငန်းသုံးကားများ တင်သွင်းမှူကို ကုမ္ပဏီ လိုင်စင်နဲ့ တင်သွင်းခြင်းကန့်သတ်ခဲ့ပြီး ၄ တန်အောက် လုပ်ငန်းသုံး ကားများကိုလည်း ဘယ်မောင်းတစ်မျိူးတည်းတင်သွင်းရန် ပြီးခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ကြီးကြပ်မှူ ကော်မတီ အစည်းအဝေးတွင် တင်ပြ ဆွေးနွေးထားခဲ့တယ်လို့ သိရသည်။ လာမယ့်နှစ် ကားသွင်းတာနဲ့ပက်သက်လို့ ကြီးကော်အစည်းအဝေးမှာ ၄ တန်အောက် လုပ်ငန်းသုံးကားတွေ ဘယ်မောင်းတစ်မျိူးတည်းတင်သွင်းဖို့ဆွေးနွေးထားတယ်။ဒီလို ဆွေးနွေးတာကို လည်း အလွတ်သဘော ဆွေးနွေးသွားတာပါ။အတည်မပြုပါဘူး။ဟု အထက်ပါ ပုဂ္ဂိုလ်ကပြောပါတယ်။ လုပ်ငန်းသုံးကားများ တစ်ခုထဲကိုသာ ဆွေးနွေးထားခဲ့ပြီး အခြားကားတင်သွင်းသည့် မည်သည့် ကိစ္စကိုမျှ ဆွေးနွေးထားတာ မရှိဘဲ မော်တော်ယာဉ်တင်သွင်းမှူ မော်ဒယ်ကန့်သတ်ချက်များကို လာမည့် စက်တင်ဘာလလောက်မှသာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုကဲ့သို့ လုပ်ငန်းသုံးကားများကို ကုမ္ပဏီ လိုင်စင်ဖြင့် တင်သွင်းတာ ကန့်သတ်ခဲ့၍ လုပ်ငန်းသုံး တစ်တန်အောက်ကားဈေးများ ကျပ် ၁ဝ သိန်း အထက် မြင့်တက်သွားခဲ့သလို လာမည့်နှစ်အတွက် လုပ်ငန်းသုံးကားဈေးမှာ မြင့်တက်မှူများကြုံလာရနိုင်တယ်လို့ ကားတင်သွင်းသူအများက ဝေဖန်ပြောကြားထားသည်။

ခေတ်သစ်

Author