သွားလာရန်ခက်ခဲသောမြို့နယ် ၃၉ မြို့နယ်တွင် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို ကွင်းဆင်းဆောင်ရွက်သွားမည်

0

Full article

မြန်မာနိုင်ငံအတွင်းရှိ သွားလာရန်ခက်ခဲသောမြို့နယ် ၃၉ မြို့နယ်တွင် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်းကို ၂ဝ၁၉ ခုနှစ် ဇွန်လအတွင်း ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင်း၌ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ပေးမည့် မြို့နယ်များမှာ ရန်ကုန်တိုင်းတွင် တိုက်ကြီးနှင့် ဒလမြို့နယ်၊ ဧရာဝတီတိုင်းတွင် အိမ်မဲ၊ ပန်းတနော်၊ လေးမျက်နှာ၊ အင်္ဂပူနှင့် ဘိုကလေးမြို့နယ်၊ မန္တလေးတိုင်းတွင် စဥ့်ကူး၊ သာစည်၊ နွားထိုးကြီးနှင့် ပျော်ဘွယ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် အရာတော်၊ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ခင်ဦးနှင့် ဗန်းမောက်မြို့နယ်၊ မကွေးတိုင်းတွင် ချောက်၊ ငဖဲ၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်၊ ချင်းပြည်နယ်တွင် မင်းတပ်နှင့် မတူပီမြို့နယ်၊ ပဲခူးတိုင်းတွင် ကြို့ပင်ကောက်နှင့် သဲကုန်းမြို့နယ်၊ နေပြည်တော်တွင် လယ်ဝေးမြို့နယ်၊ ကချင်ပြည်နယ်တွင် ဟိုပင်းနှင့် ရွှေကူးမြို့နယ်၊ ကယားပြည်နယ်တွင် ဒီမောဆိုနှင့် ဖရူးဆိုးမြို့နယ်၊ ကရင်ပြည်နယ်တွင် ငါးတိုင်၊ မွန်ပြည်နယ်တွင် ပေါင်မြို့နယ်၊ ရခိုင်ပြည်နယ်တွင် သံတွဲ၊ တောင်ကုတ်မြို့နယ်၊ ရှမ်းပြည်နယ်တွင် ပင်းတယ၊ လင်းခေးနှင့် မိုင်းဖြတ်မြို့နယ်တို့ ဖြစ်ကြသည်။

အထက်ပါမြို့နယ်များမှ ယာဉ်နှင့် ယာဉ်မောင်းသက်တမ်းတိုးလိုသူများသည် လိုအပ်သည့်အထောက်အထားများနှင့်တကွ သက်ဆိုင်ရာမြို့နယ်ရုံးများတွင် သွားရောက်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်းသိရသည်။

Zing

Author