Gold AYA Motors International Group မှ အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် Diamond Sponsors အဖြစ်ပါဝင်ခဲ့

0

Full article

Gold AYA Motors International Group  မှ အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် Diamond Sponsors အဖြစ်ပါဝင်ခဲ့ပြီး Gold AYA ၏ JETOUR-X70 နှင့် CHANGHE-Q35 တို့ကို အထူးအခွင့်အရေးများဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။


ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင်ကျင်းပသွားမည့် အဋ္ဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် Gold AYA မှ Diamond Sponsors အဖြစ်ပါဝင်ခဲ့ပြီး Gold AYA ၏ JETOUR-X70 နှင့် CHANGHE-Q35 တို့ကို ခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ကာ ပြပွဲအတွင်း၌သာရရှိနိုင်မည့် အထူးအခွင့်အရေးများ၊ အထူးပရိုမိုးရှင်းများဖြင့် ရောင်းချသွားမည်ဖြစ်သည်။

JETOUR-X70 ကို Promotion (1) Hire Purchase : Promotion With 700,000 MMK or 2 years commercial insurance, Promotion (2) Fully Payment : HP Policy + 1 year free maintenance ဖြင့်လည်းကောင်း၊ CHANGHE-Q35 ကို Promotion (1) Hire Purchase : promotion with 15,000,000 MMK , Promotion (2) Fully Payment : promotion with 25,000,000 ဖြင့်လည်းကောင်း အသီးသီးရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။


Gold AYA Motors International Group  ၏ JETOUR-X70 နှင့် CHANGHE-Q35 ကားသစ်များကို စိတ်ပါဝင်စားသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ကျင်းပသွားမည့်  အဌမအကြိမ်မြောက် နိုင်ငံတကာစက်မှုနည်းပညာပြပွဲ (8th International Industrial Technology & Machinery Show 2020 Yangon) တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း စိတ်တိုင်းကျသွားရောက်လေ့လာ ဝယ်ယူနိုင်ပါသည်။

Author