DFM Myanmar မှ ဘက်စုံသုံး van အမျိုးအစား S370 ကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်

0

Full article

DFM Myanmar မှ ဘက်စုံသုံး van အမျိုးအစား S370 (MPV) မော်တော်ယာဉ်သစ်ကို ယနေ့ နိုဝင်ဘာ ၃ဝ တွင် DFM Myanmar cars showroom တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။

S370 သည် ဘယ်မောင်းအမျိုးအစားဖြစ်ပြီး လူ ၇ ဦးစီးနိုင်ကာ အမေရိကန်ဒေါ်လာ ၂ဝ၅ဝဝ + ဝင်ငွေခွန်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ဝယ်ယူသူများအတွက် ၂ နှစ် (သို့မဟုတ်) ကီလိုမီတာ ၆ သောင်း ပေးထားပြီး ကောင်းမွန်သော after sales service များလည်း ပေးထားကြောင်း သိရသည်။

DFM Myanmar သည် တရုတ်နိုင်ငံ အခြေစိုက် Dongfeng Motor Corporation ၏ မြန်မာပြည် Authorized Dealer ဖြစ်သော ဂျပန်နိုင်ငံ အခြေစိုက် Sojitz Sunrise Automobile Company ၏ စီမံခန့်ခွဲမှုဖြင့် Dongfeng အမှတ်တံဆိပ် လုပ်ငန်းသုံးကား၊ အိမ်စီးကားများကို တင်သွင်းဖြန့်ဖြူး ရောင်းချနေသော လုပ်ငန်းဖြစ်ကြောင်း သိရသည်။

Business

Author