ကားအရောင်းပြခန်းများပေးသွင်းရသည့် Deposit ဒေါ်လာ ၁ သိန်းအစား ငွေကျပ် သိန်း ၁၅ဝဝ ပြောင်းလဲသတ်မှတ်

0

Full article


ကားအရောင်းပြခန်းများပေးသွင်းရသည့် Deposit ဒေါ်လာ ၁ သိန်းအစား မြန်မာငွေကျပ် သိန်း ၁၅ဝဝ ပြောင်းလဲသတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ယခင်က ကားအရောင်းပြခန်းများမှ Deposit USD ၁ သိန်း သတ်မှတ်ထားရှိရာမှ ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေမှူကို ထိန်းချူ ပ်နိုင်ရန် ဒေါ်လာအသုံးပြုနေမှူ အစားမြန်မာကျပ်ငွေ သိန်း ၁၅ဝဝ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့လည်း ပြည်တွင်းဒေါ်လာဈေးမြင့်တက်မှူကိုထိန်းချူ ပ်ရန် အကြောင်းကြားလာသဖြင့်ကားအရောင်းပြခန်းများ ဒေါ်လာပေးသွင်းမှူရပ်တန့်ခဲ့ခြင်းဖြစ်တယ် လို့သိရပါသည်။

ကားအရောင်းပြခန်းများ Deposit ပေးသွင်းထားရှိသည့် မြန်မာကျပ်ငွေသိန်း ၁၅ဝဝ ကို ဘဏ်အကောင့်ဖွင့်ထားရှိမည်ဖြစ်ပြီး ထည့်သွင်းထားတဲ့ ငွေအတွက် အတိုးနှူန်းထားထပ်ပေါင်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author