အစိုးရ ဝန်ကြီးဌာနများတွင် မော်တော်ယာဉ် ပြင်ဆင် ထိန်းသိမ်းစရိတ်များ အဆမတန် တင်ပြ တောင်းခံနေမှုများ ပြန်လည်သုံးသပ်မည်

0

Full article

အစိုးရ ဝန်ကြီးဌာနများတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ဝေအသုံးပြုနေခြင်းကြောင့် မော်တော်ယာဉ် ပြင်ဆင် ထိန်းသိမ်း စရိတ်များသုံးစွဲနေခြင်းအပေါ် အဆမတန် တင်ပြ တောင်းခံနေမှုများ ရှိနေ၍ ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မှ မတ်လ ၁၅ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။

"ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာမှာ အစိုးရ ဝန်ကြီးဌာနများ အောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ဝေအသုံးပြုနေခြင်းကြောင့် မော်တော်ယာဉ် ပြင်ဆင် ထိန်းသိမ်း စရိတ်များ နှစ်စဉ် အဆမတန် တင်ပြတောင်းခံ နေမှုများကို အရေးတကြီး ပြန်လည် သုံးသပ်ပြီး ခိုင်မာအားကောင်းသော မူဝါဒတစ်ရပ် ချမှတ်ကာ စီမံဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ပါတယ်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒီကိစ္စကို ရှေးဦးစွာ ပြန်လည် သုံးသပ်ပါ့မယ်" ဒုတိယဝန်ကြီးက ပြောခဲ့ပါတယ်။ေ

မော်တော်ယာဉ်များ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် ဝယ်ယူသုံးစွဲခြင်း ကိစ္စရပ်များသည် ဝန်ကြီးဌာန အားလုံး နှင့် သက်ဆိုင်ပြီး နိုင်ငံတော်က မူဝါဒချမှတ်ပေးရန် လိုအပ်ခြင်း၊ ရေတိုရေရှည် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ရမည် ဖြစ်ခြင်းတို့ကြောင့် ဝန်ကြီးဌာနက ရှေးဦးစွာသုံးသပ်ပြီး နိုင်ငံတော် အကျိုး ဖြစ်ထွန်းစေမည်နည်းလမ်းရှာဖွေမည်ဟုသိရပါတယ်။

၂ဝ၁၇ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးနှင့် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့က ထောက်ပြ ဆွေးနွေးရာတွင် အစိုးဌာန အဖွဲ့အစည်း များတွင် ၎င်းယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ဝေအသုံးပြုနေခြင်းကြောင့် နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းရသည့် စရိတ်များမှာ ကားအသစ်များ ဝယ်ယူ အသုံးပြု ခြင်းထက် ပိုမိုများပြားကာ တွက်ခြေမကိုက်ကြောင်း တင်ပြခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Photo Credit

Author