ဆိပ်ကမ်းနှင့်နယ်စပ်များမှ ID ဖွင့်လှစ်ထားသော Delivery Van ကားများ သတ်မှတ်ဒဏ်ကြေးပေးဆောင်၍ လုပ်ငန်းဆောင်ရွက်ပေးမည်

0

Full article

.

.unicode

ဆိပ်ကမ်းများနှင့် နယ်စပ်များမှ တင်သွင်းထားရှိသော ID ဖွင့်လှစ်ထားသည့် Delivery Van ကားများကို ယခင်သတ်မှတ်ထားသော ဒဏ်ကြေးများပေးဆောင်၍ ယာဉ်မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပေးသွားရန် ရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်များမှ တင်သွင်းခဲ့သော Delivery Van ကားများတွင် ID ဖွင့်လှစ်ပြီးသော ကားအစီးရေ ၁၅၉၉ စီးကိုသာ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အထိနောက်ဆုံးလုပ်ငန်း ဆောင်ရွက်ပေးရန် သတ်မှတ်ထားရှိခဲ့ရာ ID ဖွင့်လှစ်ပြီး ကျန်ရှိနေသော Delivery Van ကားများကို ယခင်သတ်မှတ်ထားသော ဒဏ်ကြေးအတိုင်း အုပ်စု (ဂ) ကားများ 1/4 AV နှင့် အုပ်စု (ဃ)ကားများ 1/AV ဒဏ်ကြေး အတိုင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

"ID ဖွင့်လှစ်ထားတာ ကျန်နေတဲ့ Delivery Van ကားတွေကို လုပ်ငန်းလုပ်ဆောင်တာ ခွင့်ပြုပေးဖို့ ကြီး/ကော် အစည်းအဝေးမှာ ဆုံးဖြတ်ထားတာရှိတယ်။ ID ဖွင့်ပြီးသားဆိုရင်တော့ ဆိပ်ကမ်းမှာရော နယ်စပ်ရော ပါမှာပါ။ အရင်က သတ်မှတ်ထားတဲ့ ဒဏ်ကြေးအတိုင်းပဲ ခွင့်ပြုပေးဖို့ရှိပါတယ်။" ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆိပ်ကမ်းများနှင့် နယ်စပ်များမှ တင်သွင်းထားရှိသော Delivery Van ကားများမှာ ဖေဖေါ်ဝါရီလမှ စတင် တင်သွင်းထားရှိရာ သြဂုတ်လ ၃၁ ရက်အထိ နောက်ဆုံးလုပ်ငန်းဆောင်ရွက်ပေးရန် သတ်မှတ်ထားရှိပြီး စစ်ဆေးရန်ကျန်ရှိသော မော်တော်ယာဉ်စာရင်းမှအပ ထပ်မံတိုးမြှင့်စစ်ဆေးခြင်း၊ တင်ပြခြင်းခွင့်ပြုမည်မဟုတ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ကြေညာထားရှိခဲ့ပြီး ဆိပ်ကမ်းထားခ ဒဏ်ကြေးမှာလည်း ယာဉ်တစ်စီးလျှင် ကျပ်သိန်း ၂ဝ မှ ကျပ် ၂၅ သိန်းဝန်းကျင်အထိ ကျသင့်ပေးဆောင်ရမည်ဖြစ်ရာ အုပ်စု (ဂ) 1/4 AV ဒဏ်ကြေးမှာ ကားတစ်စီးကို ၃၃ သိန်း ကျသင့်မည်ဖြစ်ပြီး အုပ်စု (ဃ) 1/AV ဒဏ်ကြေးမှာ ကျပ် ၁၃၅ သိန်း အထိ ကျသင့်မည်ဖြစ်သောကြောင့် ကားများထုတ်ယူနိုင်ရန် မလွယ်ကူကြ၍ ဒဏ်ကြေးဖြေလျော့ရန် စောင့်ဆိုင်းနေခဲ့သော ကားများစွာကျန်ရှိနေသေးကြောင်းလည်း သိရသည်။

Author

Comments