ယာဉ်စစ်ဆေးထားရှိသော delivery van ကားများ စက်တင်ဘာလ ၉ ရက်အထိ ငွေသွင်း၍ ဆိပ်ကမ်းရှင်းလင်းထုတ်ယူခြင်း လုပ်ဆောင်ပေးမည်

0

Full article

ယာဉ်စစ်ဆေးထားရှိသော delivery van ကားများကို သြဂုတ်လ ၃၁ ရက်အထိ လုပ်ငန်းလုပ်ဆောင်ရန်သတ်မှတ်ထားရာ ယာဉ်စစ်ငွေမသွင်းရသေးသောကားများ များပြားလွန်းသည့်အတွက် စက်တင်ဘာလ ၉ ရက်အထိ ငွေသွင်း၍ ဆိပ်ကမ်းရှင်းလင်းထုတ်ယူခြင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနက သိရသည်။ စက်တင်ဘာလ ၉ ရက်အထိ သတ်မှတ်ကာလကျော်လွန်ပါက ငွေပေးသွင်းခြင်း၊ ရက် ၆ဝ လေလံပယ်ဖျက်ဘုတ်အဖွဲ့ စစ်ဆေးခြင်းများနှင့် ဆိပ်ကမ်းရှင်းလင်းထုတ်ယူခြင်း လုပ်ငန်းဆောင်ရွက်ရန်ကျန်ရှိနေသော ကားများကို ဥပဒေအရ သိမ်းဆည်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားရှိသည်။
"ယာဉ်စစ်ဆေးထားတဲ့ ဆိပ်ကမ်းရောနယ်စပ်ရော delivery van ကားတွေကို စက်တင်ဘာလ ၉ ရက်အထိ ငွေသွင်းတာတွေလုပ်ရပါမယ်။ အဲ့ဒီရက်အတွင်းမှာ လုပ်ငန်းဆောင်ရွက်ဖို့ သတ်မှတ်တာပါ။ သတ်မှတ်တဲ့ရက်ကျော်လွန်ရင်တော့ သိမ်းဆည်းတာတွေ လုပ်သွားမှာပါ။ " ဟု အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။
ဆိပ်ကမ်းနှင့်နယ်စပ်တွင်ရှိနေသော delivery Van အုပ်စု D ကားများမှာ ကားအစီးရေ ၁၅ဝဝ စီးရှိပြီး လူစီးကားများဖြစ်၍ 1/AV လူစီးအခွန်ဒဏ်ကြေးသတ်မှတ်ထားရှိသော်လည်း ဒဏ်ကြေးမှာ အရမ်းများပြားလွန်း၍ ယာဉ်စစ်ဆေး ID ဖွင့်လှစ်ပီး ကားများလာရောက်ထုတ်ယူရန် အစီးရေ အနည်းငယ်သာ ရှိသေးကြောင်းသိရပါသည်။
အဆိုပါ delivery van အုပ်စု D ကားများတွင် အင်ဂျင်ပါဝါ 660 cc Hijet,mitsubishi,atri နှင့် အင်ဂျင်ပါဝါ ၁၆ဝဝ  NV200 နှင့် Biante တို့ ပါဝင်ကြောင်းသိရသည်။

Author