ဆိပ်ကမ်းနဲ့ နယ်စပ်များက နေတစ်ဆင် တင်သွင်းထားရှိသော delivery van ကားများ စစ်ဆေးရန် အဖွဲ့ ၄ ဖွဲ့ဖွဲ့စည်းထားပြီး ယခုလကုန်တွင် စတင်စစ်ဆေးသွားတော့မှာ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါသည်။
လက်ရှိတွင် လုပ်ငန်းသုံး Delivery Van ကားများကို မူလစက်ရုံထုတ် Orginal delivery van ကားများကိုသာ ယာဉ်မှတ်ပုံတင် ပြုလုပ်ပေးမည်ဟု သတ်မှတ်ထားရာ ဆိပ်ကမ်းများတွင် ရောက်ရှိနေသော လုပ်ငန်းသုံး Delivery Van ကားများမှာ အငြင်းပွားဖွယ် အခြေအနေဖြစ်နေ၍ မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် ကြီးကြပ်မှူ ကော်မတီ က delivery van ကားများကို အဖွဲ့ ၄ ဖွဲ့ဖြစ်သော ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန ၊ အကောက်ခွန်ဦးစီးဌာန ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စက်မှူဝန်ကြီးဌာန တို့ကပူးပေါ်င်းစစ်ဆေးရန် အဖွဲ့ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရပါသည်။
" အကောက်ခွန်ဦးစီးဌာနကတင်ပြလာတယ်။ delivery van ကားတွေကို စစ်ဆေးဖို့အဖွဲ့ဖွဲ့စည်းပေးဖို့အတွက်တင်ပြတာ အဖွဲ့ ၄ ဖွဲ့ဖွဲ့စည်းထားပြီး ဒီလကုန်လောက်မှာ စစ်ဆေးသွားမယ်။ မူလစက်ရုံထုတ် ကားနဲ့ ကွဲလွဲတင်သွင်းလာတဲ့ကားတွေကို ခွဲပီးစစ်ဆေးသွားမယ်။"လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
ဆိပ်ကမ်းနှင့် နယ်စပ်များက တင်သွင်းလာသော Delivery ကားများ အဖွဲ့ ၄ ဖွဲ့ဖြင့် စစ်ဆေးရာတွင်လည်း မူလစက်ရုံထုတ် ကားများကို ခွင့်ပြုပေးမည်ဖြစ်သော်လည်း လူစီးကားများကို Delivery van အဖြစ်ပြန်လည်ပြင်ဆင်တင်သွင်းလာသော ကားများကို 1/2 AV နှင့် wagon ကားအတိုင်းအခွန်ပေးဆောင်၍ ဒဏ်ကြေးများအသီးသီးသတ်မှတ်မှာ ဖြစ်တယ်လို့ သိရပါသည်။
Law enforcement