စစ်ဆေးပြီးသော delivery van ကား ၁၉၄ စီးအား1/2 AV ဒဏ်ကြေးပေးဆောင်စေပြီးမှ delivery van ယာဉ်အဖြစ်မှတ်ပုံတင်ခွင့်ပြုလုပ်ပေးမည်

0

Full article

ယခင်က ယာဉ်စစ်ဆေးထားပြီးသော Delivery van ကားအစီး ၁၉၄ စီးကို အကောက်ခွန်ဦးစီးဌာနတွင် 1/2 AV ဒဏ်ကြေးများပေးဆောင်ပြီးမှသာ Delivery van အဖြစ်ယာဉ်မှတ်ပုံတင်ခွင့်ပြုသော လုပ်ငန်းများဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ချက်အရ သိရသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီ ၁/၁၈ အစည်းအဝေး မှတ်တမ်းအရ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတွင် ယာဉ်စစ်ဆေးပြီးသော်လည်း နောက်ထပ်လုပ်ငန်းများဆောင်ရွက်ရန် ကျန်နေသော light commercial vehicle အုပ်စုဝင် (cargo van, van light truck) ယာဉ်များသည် အကောက်ခွန်ဦးစီးဌာနတွင် သတ်မှတ်ထားသည့် ဒဏ်ကြေးများသွားရောက်ပေးသွင်းပြီးမှသာ Delivery van ယာဉ်အဖြစ် မှတ်ပုံတင်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနက ဧပြီ၂၅ ရက်တွင် အသိပေးကြေငြာထားရှိသည်။

"လုပ်ငန်းဆောင်ရွက်ဖို့ ကျန်နေတဲ့ Delivery van ကားတွေကို အကောက်ခွန်ဦးစီးဌာနမှာ သတ်မှတ်ဒဏ်ကြေးပေးသွင်းပြီး Delivery van အဖြစ်မှတ်ပုံတင်ပြုလုပ်ပေးမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ငွေတွက်မဆောင်ရွက်မီ ရုံးချူပ်သို့တင်ပြထားသည့် ယာဉ်များအတွက် ရုံးချုပ်သို့တင်ပြဆောင်ရွက်သည့် ဖေဖေါ်ဝါရီ ၅ ရက် ၂ဝ၁၈ ခုနှစ် ကြေငြာချက် ထုတ်ပြန်ပြီးနောက်ပိုင်း မေလ ၂၅ ရက် အထိ ရုံးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်မည့် ကာလထည့်သွင်းကာ အချိန်ကန့်သတ်ချက် ဖြေလျှော့လျက် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေး ကင်းလွတ်ခွင့်ပြု မည်ဖြစ်ပါကြောင်း အသိပေးကြေငြာထားရှိသည်။

Regulation

Author