Delivery Van ကားများ ဒဏ်ကြေးများပြား၍ ကြီး/ကော်အား ဆန္ဒဖော်ထုတ်မည်

0

Full article

ဆိပ်ကမ်းနှင့် နယ်စပ်များကနေ တင်သွင်းထားရှိသော delivery van ကားများအုပ်စု C ကို 1/2AV ဒဏ်ရိုက်ခြင်းနှင့် အုပ်စု D ကားများကို 1/AV ဒဏ်ရိုက်မှုမှာ ဒဏ်ကြေး များပြားလွန်သည့်အတွက် ကားများထုတ်ယူရန်မလွယ်ကူသဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီအား ကားတင်သွင်းသူများက ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူ ဦးမြတ်မင်းချစ်က ပြောကြားသည်။

Delivery van ကားများကို အုပ်စု ၄ စု ခွဲထားရာ အုပ်စု C တွင်ပါဝင်သည့် ကားများကို ရိုက်သော 1/2 AV ဒဏ်ကြေးမှာ သိန်း ၈ဝ နီးပါးကျသင့်ကြောင်း၊ ထိုကားများက ဌာနကသတ်မှတ်ထားသော အချက် ၄ ချက်နှင့် အညီတင်သွင်းလာသည့် ကားများဖြစ်သော်လည်း ကားများထုတ်ယူရန်မလွယ်ကူကြောင်း၊ delivery van အုပ်စု D ကားများကို မေလ ၃၁ ရက်နောက်ပိုင်းကစပြီး ယာဉ်စစ်ခွင့်မပေးတော့ဘဲ မေလ ၃၁ ရက်အထိ ယာဉ်စစ်ထားသော ကားများကို 1/AV ကားတန်ဖိုးအပြည့်နီးပါး ဒဏ်ရိုက်ခြင်းမှာ ဒဏ်ကြေးများပြားလွန်းတဲ့အတွက် မျှတမှုမရှိခြင်းတို့ကြောင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကြီးကြပ်မှုကော်မတီအား ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည် ဟု သိရသည်။

ဆိပ်ကမ်းများတွင် တင်သွင်းလာသည့် delivery van ကားများကို အုပ်စု ၄ စု ခွဲထားရာ အုပ်စု A နှင့် B တွင် ပါဝင်သည့် ကားအစီး ၇၅ စီးအတွက် ဒဏ်ကြေးကင်းလွတ်ခွင့်ရမည်ဖြစ်သော်လည်း အုပ်စု C တွင် ပါဝင်သည့် ကားအစီး ၃၃၁ စီးကို 1/2AV ဒဏ်ကြေး ရိုက်ပြီး အုပ်စု D တွင်တော့ ကားအစီးရေ ၁ထောင်ကျော်ရှိနေကြောင်း သိရသည်။

Author