မာစီးဒီး လူစီးကားများကို Delivery Van လိုင်စင်နှင့် ယာဉ်မှတ်ပုံများရှိနေ၍ ယာဉ်စစ်ဆေးမှုများရပ်ဆိုင်း

0

Full article

မာစီးဒီး လူစီးကားများကို Delivery Van လိုင်စင်နှင့် ပြန်ပြင်ဆင်ထားသော ယာဉ်မှတ်ပုံများရှိနေ၍ ယာဉ်စစ်ဆေးမှုများကို ယနေ့တွင် ရပ်ဆိုင်းထားကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးနှင့်နီးစပ်နေသော အသိုင်းအဝိုင်းထံမှ သိရသည်။

ထိုကဲ့သို့ လူစီးကားအမျိုးစုံကို Delivery Van လုပ်ငန်းသုံးကားအဖြစ် ပြုလုပ်ပြန်ပြင်ဆင်၍ တင်သွင်းလာပြီး ယာဉ်မှတ်ပုံတင်မှုများနှင့် နံပါတ်ယူ ခဲခြစ်ပြုလုပ်သော ကားများကို ကညန ရုံးနေရာအများအပြားတွင် တွေ့ရှိနေရာ စစ်ဆေးတွေ့ရှိသော ဖိုင်တွဲများကို ရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။

" ဒီနေ့မနက်ပဲ မာစီးဒီး ခေါင်မြင့်တဲ့ကားကို Delivery Van လိုမျိုးပြင်ပြီး ယာဉ်စစ် နံပါတ်လာယူလို့ ဖိုင်တွဲတွေကို သိမ်းထားတယ်လို့ကြားတယ်။ မန္တလေးမှာလည်း အဲ့လိုလုပ်လာတဲ့ ဖိုင်တွဲတွေကို သိမ်းထားတယ်လို့ ကြားရတယ်။ တကယ်ဆိုရင် တိကျတဲ့ အမိန့်တစ်ခုထုတ်ပေးဖို့လိုပါတယ်။ အခုက ဘာမှန်းမသိဘူး ဖြစ်နေတယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးနှင့်နီးစပ်နေသော အသိုင်းအဝိုင်းဖြစ်သူ ဦးအောင်မျိူးသူက ပြောကြားသည်။

Delivery Van ကားအဖြစ်အချက် ၄ ချက်နှင့် ကိုက်ညီမှုရှိလျှင် မှတ်ပုံတင်ပြုလုပ်နိုင်ရန် သတ်မှတ်ထားသော်လည်း မူဝါဒတိကျစွာ ထုတ်ပြန်ထားတာမရှိ၍ လူစီးကားများကို Delivery Van အနေဖြင့် ပြန်ပြင်ဆင်တင်သွင်း လာခြင်းဖြစ်ပြီး တင်သွင်းလို့ ရသည့် ကားအမျိူးအစားခွဲခြားကာ တိကျသော မူဝါဒကို ထုတ်ပြန်ပေးရန်လိုအပ်ကြောင်းသိရသည်။

R-01

Author