Delivery van ကားအစီး ၃ဝဝ ကျော်ကို ၂ ပတ်အတွင်း လာရောက်ထုတ်ယူမှု ၂ စီးသာရှိ

0

Full article

အုပ်စု C တွင်ပါဝင်သည့် delivery van ကားအစီးရေ ၃၃၁ စီးကို ဧပြီ ၂၇ ရက်မှစ၍ ထုတ်ယူခွင့်ပေးထားသော်လည်း ဒဏ်ကြေးများပြားနေသည့်အတွက် ၂ ပတ်အတွင် လာရောက်ထုတ်ယူမှု ၂ စီးသာရှိကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

Delivery van ကားများကို အုပ်စု A,B,C,D ၄ စု ခွဲထားရှိပြီး အုပ်စု A နှင့် B တွင် ပါဝင်သည့် ကားအစီး ၇၅ စီး ကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေးထားသော်လည်း အုပ်စု C တွင် ပါဝင်သည့် ကားအစီး ၃၃၁ စီး ကို 1/2 AV ဒဏ်ကြေးသတ်မှတ်ထားရာ အုပ်စု ၃ ခုကို ဧပြီ ၂၇ နေ့မှစတင်ကာ ထုတ်ယူခွင့်ပြုထားပြီး အုပ်စု D တွင်ပါဝင်သည့် Wagon chassic ဖြစ်နေသည့် ကားများကို ဒဏ်ကြေးပြန်လည်သတ်မှတ်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

" Delivery van ကားတွေကို အုပ်စု ၄ စု ခွဲထားတာ အုပ်စု Aနဲ့ B အုပ်စုကတော့ ဒဏ်ကြေးကင်းလွတ်ခွင့် ပေးထားလို့ လာထုတ်ကြတာ အစီး ၂ဝ လောက်ရှိတယ်။ အုပ်စု C ထဲမှာပါတဲ့ ကားတွေကိုတော့ လာထုတ်တာ ဒီနေ့အထိ ၂ စီးပဲရှိသေးတယ်။ အုပ်စု D ထဲမှာပါတဲ့ကားတွေကတော့ ပြန်ဆွေးနွေးရမှာဖြစ်လို့ တင်ပြထားတယ်။" ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီက သတ်မှတ်ချက် ၄ ချက်နှင့် တင်သွင်းလာသော delivery ကားများအား အုပ်စု C အဖြစ် သတ်မှတ်ပြီး 1/2 AV ဒဏ်ကြေးဖြင့် ဧပြီ ၂၇ ရက်နေ့မှစ၍ ကားများ ထုတ်ယူခွင့်ပေးနေသော်လည်း Hijet ကားလေးများအတွက် ကျပ်သိန်း၃ဝနှင့် CIF တန်ဖိုးမြင့်ကားများအ တွက် ကျပ် သိန်း၈ဝ အထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်၍ ကားထုတ်ယူရန် မလွယ်ကူခြင်းကြောင့် ကားတင်သွင်းသူများက လာရောက်မထုတ်ယူခြင်းဖြစ်ကြောင်း သိရသည်။

Market

Author