မူလစက်ရုံထုတ် မဟုတ်သော original Delivery Van မဟုတ်သည့် ကားများကို ယာဉ်နံပါတ်ထုတ်ပေးတော့မည်မဟုတ်

0

Full article

ပြည်ပနိုင်ငံမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် မူလစက်ရုံထုတ် ပုံစံမဟုတ်သော original Delivery Van မဟုတ်သည့် ကားများ ကို ယာဉ်နံပါတ်ထုတ်ပေးတော့မည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က သိရသည်။

"Delivery Van ကားတွေ နံပါတ်ယူ ယာဉ်လာစစ်ရင် စက်ရုံထုတ်မဟုတ်ရင် မရတော့ပါဘူး။ original Delivery Van ကားတွေကိုပဲ နံပါတ်ထုတ်ပေးမှာပါ။ ဒီနေ့ အမိန့်ထုတ်လိုက်တဲ့အတွက် ပြင်ထားတဲ့ကားတွေ မရတော့ပါဘူး။ "ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူစီးကားများကို Delivery Van လုပ်ငန်သုံးကားများ အဖြစ်နှင့် ပြန်လည်ပြုပြင် ပြင်ဆင်ပြီး တင်သွင်းလာမှုများရှိနေသည့်အတွက် မူလစက်ရုံထုတ် Delivery Van ကားများကိုသာ ယာဉ်မှတ်ပုံတင် နံပါတ်ယူ မှုများ ပြုလုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

Author