ဆိပ်ကမ်းရှိ delivery van ကားများ ဝန်ကြီးဌာန ထောက်ခံချက်ပါရှိပါက ဆိပ်ကမ်းထားခ ဒဏ်ကြေးဖြေလျှော့ပေးမည်

0

Full article

ဆိပ်ကမ်းရှိ delivery van ကားများ သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက်ပါရှိပါက ဆိပ်ကမ်းထားခ ဒဏ်ကြေးဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

ပြည်ပမှ delivery van ကားများကို MITT ဆိပ်ကမ်းများနှင့် MIPL ဆိပ်ကမ်းများမှ ၂ဝ၁၈ ဖေဖေါ်ဝါရီလကစကာ တင်သွင်းထားရှိပြီး မတ်လအကုန်တွင် အငြင်းပွားဖွယ်အခြေအနေဖြစ်နေသည့်အတွက် ဇူလိုင်လတွင် A, B, C, D ဟူ ၍ အုပ်စု ၄ စု ခွဲကာစီစစ်မှုများပြုလုပ်ပြီး ဒဏ်ကြေးအသီးသီးသတ်မှတ်ထားရှိခဲ့သည်။

" ဆိပ်ကမ်းထားခက သက်ဆိုင်တဲ့ဝန်ကြီးဌာနကိုတင်ပြပြီး အဲ့ဒီက စာပါလာရင်တော့ ဒဏ်ကြေးဖြေလျှော့ပေးပါမယ်။ကားတင်သွင်းတဲ့သူတွေလာတင်ပြတာတော့ရှိကြတယ်။ သူတို့ကိုလည်း ဝန်ကြီးဌာနထောက်ခံပေးရင်ဖြေလျှော့ဖို့လုပ်ပေးပါမယ်။သတ်မှတ်တဲ့အချိန်ကြာရင်တော့ လေလံစာရင်းဝင်မှာပါ။"ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဆိပ်ကမ်းများမှ တင်သွင်းလာသည့် delivery van ကားအစီးရေ ၄ဝဝ နီးပါးရှိပြီး ကားများ ထုတ်ယူရန် ၆ လ ခန့်ကြာမြင့်နေလျှက်ရှိရာ ဆိပ်ကမ်းထားခ၂၅ သိန်း ကျော်ခန့်ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

Author