Delivery Van လိုင်စင်ကျပြီးသားကားများနှင့် ဆိပ်ကမ်းတွင်ရောက်ရှိနေသော ကားများကို ခွင့်ပြုပေးရန် ပြန်လည်ဆွေးနွေးသွားမည်

0

Full article

မူလစက်ရုံထုတ် delivery van ကားများသာ နံပါတ်ပေးတော့မည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က အသိပေးကြေငြာခဲ့ပြီးနောက် လိုင်စင်ပါမစ်ကျပြီးသားကားများနှင့် ဆိပ်ကမ်းတွင်ရောက်ရှိနေသော Delivery Van ကားများကို ခွင့်ပြုပေးရန် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ကသိရသည်။

ယခင်က သတ်မှတ်ထားရှိသော delivery van အချက် ၄ ချက်နှင့်အညီ တင်သွင်းလာသော လိုင်စင်ခွင့်ပြုပေးထားသည့် ကားများနှင့် ဆိပ်ကမ်းများတွင် ရောက်ရှိပြီး ကားထုတ်ပေးရန် ရပ်ဆိုင်းထားသော ဖိုင်များရှိနေသည့် ကားများအား မည်သို့ပြန်လည်ခွင့်ပြုပေးမည်ကို အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။

"လိုင်စင်ထုတ်ပေးထားတဲ့ကားတွေနဲ့ ဆိပ်ကမ်းထဲမှာ ရောက်တဲ့ကားတွေကို ဘယ်လိုမျိုးခွင့်ပြုပေးမယ်ဆိုတာ အမြန်ဆုံးဆွေးနွေးဖို့ လုပ်နေပါတယ်။ ကညနကတော့ မူလစက်ရုံထုတ်ပဲပေးဖို့ တင်ပြထားတာတော့ရှိတယ်။ အားလုံးပြန်ဆွေးနွေးပြီး လုပ်သွားမှာပါ။"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ညွန်ကြားရေးမှူးတစ်ဦးက ပြော ကြားသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက delivery van ကားများကို မူလစက်ရုံထုတ် original delivery van ကားများကိုသာ နံပါတ်ပေးရန် အသိပေးကြေငြာခဲ့ရာ လိုင်စင်ခွင့်ပြုသတ်မှတ်ချက် အချက် ၄ ချက်နှင့်အညီ တင်သွင်းလာသည့် delivery van ကားများလည်း ယာဉ်မှတ်ပုံတင်ရန် ကျန်ရှိနေသေး ကြောင်းသိရသည်။
R-01

.

Author